လျှော်မဖွတ်ခင် အဝတ်အစားတွေကို ဘယ်နှစ်ကြိမ်လောက် ပြန်ဝတ်လို့ရလဲ

water-festival-yyl-001.jpg

ဝတ်ပြီးသားအဝတ်ကို လက်က ကိုင်ပြီး နောက်ထပ်ပြန်ဝတ်သင့်လား၊ လျှော်ပစ်လိုက်ရမလားလို့ စဉ်းစားမိကြမယ်ထင်ပါတယ်။ လူတိုင်းကတော့ လျှော်ဖွတ်ခြင်းနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းအားလုံးကို မသိကြပါဘူး။ တစ်ခါဝတ်ပြီးရင် တန်းလျှော်မပစ်သင့်တဲ့ အရာတွေရှိပါတယ်။ လျှော်တာများသွားရင် အရောင်လွင့်သွားတာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအဝတ်အစားတွေကို လျှော်မဖွတ်ခင် ဘယ်နှစ်ကြိမ်ပြန်ဝတ်သင့်လဲဆိုတာကို ကြည့်လိုက်ကြရအောင်..။

အတွင်းခံကို ပြန်မဝတ်ပါနဲ့

အတွင်းခံ တစ်ထည်ဝတ်ပြီးတိုင်း ပြန်မဝတ်ဘဲ လျှော်ပစ်သင့်တယ်ဆိုတဲ့အချက်ကို လူတိုင်း ထောက်ခံကြမယ်ထင်ပါတယ်။ ဒါက တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ ရိုးရှင်းတဲ့စည်းမျဉ်းပါပဲ။

ဂျင်းဘောင်းဘီတွေကို (၅) ကြိမ် ကနေ (၆) ကြိမ် ဝတ်ဆင်ပြီးမှ လျှော်ဖွတ်ပါ

ဂျင်းဘောင်းဘီကို လျှော်မပစ်ခင်မှာ ဘယ်နှစ်ကြိမ် ပြန်ဝတ်လို့ရလဲဆိုတာကို လူတိုင်းသိချင်မိကြမယ်ထင်ပါတယ်။ ဂျင်းဘောင်းဘီတစ်ထည် ဝတ်ပြီးတဲ့အခါတိုင်း လျှော်ပစ်ရင် ဂျင်းဘောင်းဘီကို ပျက်စီးစေပြီး အရောင်မွဲသွားနိုင်ပါတယ်။ ဂျင်းကို ခဏခဏ လျှော်မဖွတ်သင့်ပါဘူး။ တစ်ခါဝတ်ပြီးရင် မလျှော်ပစ်ဘဲ နေလှန်းထားတာဖြစ်ဖြစ်လုပ်လို့ရပါတယ်။ ဝတ်ပြီးသားဂျင်းဘောင်းဘီကို (၅-၆) ကြိမ် ပြန်ဝတ်လို့ရပါတယ်။

တီရှပ်ကို ဝတ်ပြီးတိုင်း လျှော်ဖွတ်ပါ

အတွင်းခံလိုပဲ တီရှပ်ကိုလည်း တစ်ထည်ဝတ်ပြီးတိုင်း လျှော်ပစ်သင့်ပါတယ်။ တီရှပ်တွေက သင့်အသားရေနဲ့ နီးနီးကပ်ကပ်ထိတွေ့ပြီး ချွေးစုပ်ယူမှုအများဆုံးပါပဲ။

ဂါဝန်တွေကို (၁-၂) ကြိမ် ပြန်ဝတ်ပြီးရင် လျှော်ပါ

ဂါဝန်တွေကို တစ်ခါဝတ်ပြီးတိုင်း လျှော်စရာမလိုပါဘူး။ တန်းလျှော်ပစ်ရင် အထည်သားနဲ့ အရောင်ကို ပျက်စီးစေနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ နွေရာသီ အရမ်းပူတဲ့အချိန်မှာ ဝတ်ဆင်ရင်တော့ ဝတ်ပြီးတိုင်လျှော်တာအကောင်းဆုံးပါပဲ။

အောက်ခံအင်္ကျီကို (၃-၄) ကြိမ် ပြန်ဝတ်ပြီးမှ လျှော်ပါ

အောက်ခံအင်္ကျီကတော့ အတွင်းခံနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အောက်ခံအင်္ကျီကို တစ်ခါဝတ်ပြီးတိုင်း လျှော်စရာမလိုပါဘူး။ (၃-၄) ကြိမ်ပြန်ဝတ်လို့ရပါတယ်။ ဒါပေမဲ့ အားကစားဘရာတော့မပါပါဘူး။

ခြေအိတ်၊ ခြေစွပ်အရှည်တွေကို ဝတ်ပြီးတိုင်းလျှော်ပါ

ခြေအိတ်နဲ့ ခြေစွပ်အရှည်တွေကိုလည်း ဝတ်ပြီးတဲ့အခါတိုင်း လျှော်သင့်ပါတယ်။ သင့်ခြေထောက်က ဘတ်တီးရီးယားနဲ့ အညစ်အကြေးတွေကို စုဆောင်းနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ညဝတ်အင်္ကျီကို (၃-၄) ကြိမ်ပြန်ဝတ်ပြီးမှ လျှော်ပါ

ညဝတ်အင်္ကျီတွေကို အနံ့အသက်ဆိုးတွေမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ ညဝတ်အင်္ကျီသန့်ရှင်းဖို့အတွက် ညမအိပ်ခင် ရေချိုးတာ အကောင်းဆုံးပါပဲ။ လျှော်မပစ်ခင်မှာ ညဝတ်အင်္ကျီကို (၄) ကြိမ်လောက် ပြန်ဝတ်လို့ရပါတယ်။

ရှုးဖိနပ်တွေကို ညစ်ပတ်သွားတဲ့အခါ လျှော်ပါ

ရှုးဖိနပ်တွေ ညစ်ပတ်သွားတိုင်း သန့်စင်ပေးသင့်ပါတယ်။ ဒါပေမဲ့ ရေကြောင့် ဖိနပ်ပျက်စီးမသွားအောင်တော့ ဂရုစိုက်သင့်ပါတယ်။

စကတ်၊ ဘောင်းဘီအရှည် (အတို) တွေကို (၃) ကြိမ် ပြန်ဝတ်ပြီးမှ လျှော်ပါ

စကတ်၊ ဘောင်းဘီအရှည် (အတို) တွေကို မကြာခဏ လျှော်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို တစ်ခါဝတ်ပြီးရင် နောက်ထပ် (၃-၄) ကြိမ် ပြန်ဝတ်လို့ရပါတယ်။

Ref: How Many Times You Can Wear Your Clothes Before Washing Them

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top