တချို့လူတွေ အချစ်စစ်၊ လက်တွဲဖော်ကို ရှာမတွေ့၊ မရှာချင်သေးတဲ့အကြောင်းအရင်းများ

yyl-022.jpg

ကျွန်တော်တို့အားလုံးဟာ ဘဝကို အေးတူပူအမျှအတူတူဖြတ်သန်းမဲ့ ပြည့်စုံတဲ့သူကိုရှာဖွေနေကြမှာပါ။ ကျွန်တော်တို့တွေက ကိုယ့်ချစ်တဲ့သူကို ဘယ်သူနဲ့မှမတူအောင်နားလည်ပေးတာ၊ ကျွန်တော်တို့ဘေးကနေ ရပ်တည်ပေးတာကို လိုချင်ကြပါတယ်။ ဒါပေမဲ့အဲဒီလိုအချစ်စစ်မျိုး၊ လက်တွဲဖော်မျိုးကို ရှာမတွေ့သေးတဲ့သူတွေ ရှိပါသေးတယ်။ တချို့က မရှာချင်သေးလို့ မရှာကြတာရှိသလို၊ တချို့ကတော့ ရှာနေပါလျက်နဲ့ လက်တွဲဖော်စစ်နဲ့ လွှဲချော်နေကြရပါတယ်။ ဒါကြောင့် အောက်တွင်ဖော်ပြထားတဲ့အချက်တွေက ဘာလို့ အချစ်စစ်မတွေ့သေးတာလဲဆိုတဲ့ မေးခွန်းအတွက် ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။

မျှော်လင့်ချက်ကြီးခြင်း

Relationship ဆိုတာ မိမိတစ်ယောက်တည်းကိုပဲ အကျိုးပြုနေတာမဟုတ်ဘူးဆိုတာ သိဖို့လိုအပ်ပြီး နှစ်ဦးနှစ်ဖက်လုံးက Relationship ခိုင်မြဲအောင်လုပ်ဖို့လိုပါတယ်။ Relationshipမှာ အားလုံးပြီးပြည့်စုံရမယ်လို့ မျှော်လင့်ချက်ကြီးကြီး ထားလိုက်မယ်ဆိုရင်လည်း အချစ်စစ်ကို ရှာမတွေ့တာဖြစ်နိုင်ပါတယ်။ အစကတည်းက သင့်လက်တွဲဖော်ကို ပြီးပြည့်စုံရမယ်လို့မျှော်လင့်မထားပါနဲ့။ နှစ်ယောက်စလုံးအတူတူ ပြီးပြည့်စုံအောင် လုပ်ရမှာဖြစ်ပါတယ်။

အတိတ်ကနေ ရုန်းထွက်မရခြင်း

သင် အချစ်ဟောင်းကို မမေ့နိုင်ဘဲ အသည်းကွဲနေတုန်းဆိုရင်လည်း နောက်ထပ်အချစ်စစ်ကို မရှာတော့တာဖြစ်နိုင်ပါတယ်။ သင့်ခံစားချက်ကို ထုတ်ပြဖို့ အချိန်ယူပြီး အတိတ်ကစိတ်ခံစားချက်တွေကို ဖယ်ထုတ်လိုက်ပါ။ Relationshipတစ်ခုကနေ သင် ဘာကိုရှာနေတာလဲဆိုတာကို နားလည်အောင်ကူညီပေးပါလိမ့်မယ်။

သင့်နှလုံးသားမှာ တစ်စုံတစ်ယောက်က နေရာယူထားတယ်

လူတော်တော်များများက ဒီအချက်ကိုမသိလိုက်ဘဲ လုပ်မိတတ်ကြပြီး ကိုယ့်စိတ်ခံစားချက်ကို နာကျင်ခြင်းနဲ့ အဆုံးသတ်လိုက်ရပါတယ်။ အခြားသူကို အစားမထိုးဘဲ မဖြစ်နိုင်တဲ့ လူတစ်ယောက်ကို လာဖို့ စောင့်နေမယ်ဆိုရင်လည်း လက်တွဲဖော်၊ အချစ်စစ်ကို မရှာချင်သေးတာဖြစ်နိုင်ပါတယ်။ တစ်နေ့ ဒီလူက သင့်ရဲ့လက်တွဲဖော်ဖြစ်လာမှာပါ ဆိုတဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေမနေပါနဲ့။သင့်အတွက်အဓိပ္ပာယ်ရှိတဲ့ အခြားတစ်ယောက်ရှိနိုင်သေးတယ်လို့ နားလည်ထားသင့်ပါတယ်။

သင့်မှာအချစ်ထက် အခြားအရေးပါမှုတွေရှိတယ်

အချစ်က သင် ဦးစားပေးထားတဲ့စာရင်းထဲမှာ မပါတာဖြစ်နိုင်ပါတယ်။ သင်မှာ လုပ်စရာအလုပ်တွေရှိနေတယ်။ ခရီးထွက်ဖို့ အလုပ်များနေတာတွေကြောင့် အချစ်အတွက် အချိန်မမေပးနိုင်တာ၊ လက်တွဲဖော်မရှာသေးတာ၊ အချစ်စစ်ကိုရှာမတွေ့သေးတာ ဖြစ်နိုင်ပါတယ်။ သင်က အဲဒီလိုအရာတွေကို လုပ်နေရရင်ပဲ ပျော်ရွှင်နေတယ်ဆိုရင် အချစ်စစ်ရှာဖို့စိတ်ကူးရှိဦးမှာ မဟုတ်ပါဘူးနော်။

Ref: Are you still looking for true love? reasons why you haven’t found it yet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top