လူတော် ဆိုသူတွေကိုတောင် နောက်ကောက်ကျသွားစေမယ့် နည်းလမ်းများ

39142049_242747723242425_1656219511952506880_o.jpg

လျို့ဝှက်ချက်ကြီးတွေကို ပြောပြတော့မှာနော်။ သေချာလိုက်မှတ်ထားကြဦး။ အရမ်းတွေတော်သွားတော့မှ စာရေးသူကို ကျေးဇူးတင်လိုက်တာ ဖြစ်နေမယ်။ နောက်တာပါ။ တကယ့်နည်းလမ်းကောင်းတွေကို ပြောပြတော့မှာမို့

သေချာလိုက်မှတ်ထားကြပါ။ သိမ်းထားပါ။ ရှယ်လုပ်ထားပါ။ ကဲ … ရယ်ဒီဆို လူတော်ဖြစ်ဖို့ ခုပဲစလိုက်ကြရအောင်။

တကယ်တော့ လူဦးရေရဲ့ (၅၀) ရာခိုင်နှုန်းလောက်က ကျောင်းပြီးတာနဲ့ စာအုပ်ပိတ်ဆိုတဲ့ သူမျိုးတွေပါ။ စာအုပ်တစ်အုပ်ကိုတောင် ပြီးအောင်မဖတ်ကြတော့ပါဘူး။ အဲဒီထဲကမှ တော်တော်များမျာက ကျောင်းတုန်းက တော်တယ်ဆိုပြီး နာမည်ကြီးခဲ့ကြသူတွေပါ။

လူတော်တွေရဲ့အကြောင်းကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ဖော်ပြပေးသွားပါ့မယ်။ သူတို့တွေက အရာရာကို နားလည်ပြီးထားကြသူတွေပါ။ ကျောင်းမှာတော့ ကောင်းကောင်းလုပ်ခဲ့ကြပါတယ်။ လူတိုင်းရဲ့ အထင်ကြီး၊ လေးစားမှုကိုလည်း ရခဲ့ကြပါတယ်။ ဟော … တကယ့်လက်တွေ့ဘဝထဲလည်းရောက်ရော အားလုံးကပူစီဖောင်းလေးတွေလို ပျောက်ကွယ်သွားရပါတယ်။ အစွမ်းအစမရှိလို့မဟုတ်ဘဲ ပျင်းရိသွားကြလို့ပါ။

တော်သေးတယ်။ ကိုယ်တွေကျောင်းတုန်းက အရမ်းမတော်ခဲ့လို့။

ကဲ … ကဲ တကယ်စလိုက်ကြရအောင်။

၁။ ပိုက်ဆံ

ဘယ်စာရေးဆရာရေးထားတဲ့ စာအုပ်ကိုမှဖတ်တယ်ဆိုတာက အရေးမကြီးပါဘူး။ လူတွေက ဒီအရာကြီးကို အရမ်း အစွဲအလန်းကြီးကြပါတယ်။ ငါကတော့ ဘယ်စာရေးဆရာရေးထားတာကို ဖတ်နေတာ ဘာညာပေါ့။ ရောင်းအားအကောင်းဆုံးစာအုပ်တွေဆိုလည်း ဒီလိုပါပဲ။ အကုန်လိုက်ဝယ်။ လိုက်ဖတ်မလုပ်ပါနဲ့။ လူတော်တွေက အဲဒီလိုလိုက်လုပ်တတ်ကြတယ်လေ။ သင်သိမှာပါ။ ကျောင်းတုန်းက စာအရဆုံးကျောင်းသားဆီမှာ သင်မဖတ်ဖူးတဲ့၊ မဖတ်ရသေးတဲ့ အသစ်ထွက်ထွက်သမျှ စာအုပ်တွေအားလုံးရှိနေတာမျိုးပေါ့။ လျှောက်မဝယ်ပါနဲ့။ ပိုက်ဆံကုန်ပါတယ်။

ကိုယ်တကယ်ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်၊ နှစ်အုပ်လောက်ကိုပဲဖတ်ပါ။ ပြီးရင်အမြတ်ထုတ်ပါ။ အစီအစဉ်တွေချပါ။ တကယ်တော့ ကုန်သွားတဲ့ ပိုက်ဆံကအရေးမကြီးပါဘူး။ ပိုက်ဆံကို ဘယ်လိုအကျိုးရှိရှိသုံးတတ်လဲ။ မဖြုန်းတီးတတ်လဲဆိုတာကသာ အရေးကြီးတာပါ။

၂။ စီးပွားရေးနဲ့ဆိုင်တာတွေကို လေ့လာပါ

သင်အခု ဘာအလုပ်လုပ်နေလဲဆိုတာက အရေးမကြီးပါဘူး။ ပြည်တွင်း၊ ပြည်ပစီးပွားရေး ဘယ်လိုလည်ပတ်နေလဲဆိုတာကိုသာ လေ့လာထားပါ။ ကောင်းကောင်းမလည်ပတ်နိုင်တော့တဲ့ စီးပွားရေးတွေနလန်ပြန်ထူလာအောင် ဘယ်လိုပြောင်းလဲနိုင်လဲဆိုတာကိုလည်း လေ့လာထားပါ။ အသေးစားစီးပွားရေးလုပ်ငန်းတွေ၊ စွန့်ဦးတီထွင်သူတွေ၊ ဒါတွေကိုလေ့လာထားပါ။

၃။ ဘဝအကြောင်း သင်ယူပါ

ပိုပြီးမြင်သာအောင်ပြောရမယ်ဆိုရင်တော့ လူတွေရဲ့သဘောသဘာဝကို လေ့လာထားပါ။ လူတွေရဲ့စိတ်နေစိတ်ထားပေါ့။ လူတွေအကြောင်း ပိုသိလေ၊ အလုပ်လုပ်ရပိုလွယ်လေပဲလေ။

၄။ ကျန်းမာရေးလည်း လိုက်စားပါ

 

ပြောပြမယ်နော်။ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့မရတော့ဘူးဆိုတာတကယ်။ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးလေ။ အဲဒီတော့သူများက တစ်လှမ်းလှမ်းနေရင် ကိုယ်ကတစ်လှမ်းနောက်ကျကျန်ခဲ့မှာပဲ။ ကြာလာလေလေ ပိုပြီး အလှမ်းဝေးလေးပဲ။ ကိုယ့်ကျန်းမာရေး ကိုယ်ကပဲဂရုစိုက်ရမှာပါ။ ဘယ်သူမှလာဂရုမစိုက်ပေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ပါစေ။

နောက်ဆုံးတစ်ခုက စာဖတ်ပါ။ ကိုယ့်ကို ဘာဗဟုသုတမှ မပေးလိုက်ဘူးဆိုတဲ့ စာအုပ်မျိုးကတော့ ရှားပါတယ်။ ဒါကြောင့်စာဖတ်ပါ။

အာရုံစူးစိုက်မှုထားပါ။ သင့်တင့်မျှတအောင် နေပါ။ တွေးခေါ်ဖန်တီးနိုင်စွမ်းရှိပါစေ။ ညှာတာထောက်ထားပါ။ စဉ်ဆက်မပြတ်လေ့လာသင်ယူပါ။

Ref : newsrepublic “How to be smarter than people smarter than you”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top