COVID-19 ကြောင့် Stay Home နေချိန်မှာ သင့်ရဲ့အိပ်စက်ချိန်ကို ကမောက်ကမ မဖြစ်ပါစေနဲ့

24-4-2020-yyl-027.jpg

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အတွက် အပြင်မထွက်ရဘဲ အိမ်မှာပဲနေကတည်းက အိပ်စက်ချိန်အပြောင်းအလဲဖြစ်တာကို စာဖတ်ပရိသတ်တွေအများစု သတိထားမိကြမှာပါ။ အခုဆိုရင် လူတော်တော်များများအခုလိုဖြစ်နေရပြီး အကြောင်းအရင်းက ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အချိန်ဇယားအပြောင်းအလဲဖြစ်တာ၊ အိမ်ကနေ အလုပ်လုပ်ရတဲ့အတွက် ရုံးမသွားရဘဲ လှုပ်ရှားမှုမရှိတာ၊ ဖုန်းသုံးတဲ့အချိန်တွေတိုးလာနဲ့ ကိုရိုနာဗိုင်းရပ်စ်သတင်းတွေကြောင့် စိုးရိမ်ပူပန်ရတာတွေဖြစ်နိုင်တယ်လို့ ဆရာဝန်တွေ ထောက်ပြထားပါတယ်။

အိန္ဒိယနိုင်ငံက စီးပွားရေးပညာရှင်တစ်ယောက်ကလည်း အခုဆိုရင် ကောင်းကောင်းအိပ်မရတာ သုံးပတ်ကျော်လောက်ရှိပြီလို့ဆိုပါတယ်။ အိန္ဒိယမှာ Lockdown ချကတည်းက အလုပ်လုပ်ရတာခက်ခဲလာတာတွေရှိပြီး ပင်ပန်းတာတွေ၊ အိပ်ငိုက်တာတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကနေ ဇာတ်ကားတွေအကြည့်များလာခဲ့ပြီး Lockdown ပထမဆုံးအပတ်ပြီးတဲ့နောက်မှာ နေထွက်မှသာ အိပ်နေမိတယ်လို့ အဲဒီစီးပွားရေးလုပ်ငန်းရှင်က ဆိုပါတယ်။ ဒါ့အပြင် ဒီအကြောင်းကို အင်စတာဂရမ်မှာမျှဝေတော့ သူ့ရဲ့သူငယ်ချင်းအများစုကလည်း ဒီပြဿနာရင်ဆိုင်နေရတာကို တွေ့ခဲ့ရပါတယ်။

အိမ်ကနေ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကလည်း သူ့ရဲ့အိပ်စက်ချိန်တွေ ကမောက်ကမဖြစ်နေတယ်လို့ ဆိုပါတယ်။ သူဟာ အရင်တုန်းကဆိုရင် အလုပ်ကို မနက် (၁၀) နာရီရောက်ဖို့အတွက် မနက် (၈) နာရီဆို အိပ်ရာထပါတယ်။ အခုဆိုရင် အိပ်ရာစောစောမထဖြစ်တော့ဘဲ အလုပ်ကို အိပ်ရာထတဲ့အချိန်ညနေစောင်းမှပဲ စအလုပ်လုပ်ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သတင်းတွေနဲ့ ပတ်သက်ပြီးအတွေးလွန်တာကလည်း သူ့ကို အိပ်ရေပျက်တဲ့ညတွေရှိလာစေခဲ့တယ်လို့ ပြောပါတယ်။

အိမ်မှာနေချိန် အိပ်စက်ချိန်အပြောင်းအလဲဖြစ်တာက ဘာလို့လဲ

– လုပ်ဆောင်ချက်တွေ အားနည်းခြင်း

– အိမ်ကနေ အလုပ်လုပ်ရတဲ့အတွက် အလုပ်ချိန်အပြောင်းအလဲဖြစ်ခြင်း

– ကိုရိုနာဗိုင်းရပ်စ်သတင်းတွေကြောင့် စိတ်ဖိစီးခြင်း

– ဆိုရှယ်မီဒီယာအသုံးများတာ၊ ဇာတ်ကားကြည့်တာတွေကြောင့် ဖုန်းသုံးတာများလာခြင်း

– ငွေရေးကြေးရေးနဲ့အလုပ်ကိုင်တွေကြောင့် စိုးရိမ်ပူပန်ခြင်းတို့ကြောင့်ပါပဲ။

သင်က ပုံမှန်လိုလို အိပ်တာနောက်ကျတာ၊ အိပ်ရာထနောက်ကျတာတွေ ဆက်ဖြစ်နေရင် သင့်ကို တစ်နေ့လုံး လေးလံထိုင်းမှိုင်းမှုတွေဖြစ်စေရင်းနဲ့ သင့်ခန္ဓာကိုယ်အချိန်စက်ဝိုင်းကို အနှောင့်ယှက်ဖြစ်စေမှာဖြစ်ပါတယ်။ သင်က အိပ်ချိန် (၁၀) လောက် အိပ်စက်မယ်ဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ နောက်ကျမှအိပ်စက်မယ်ဆိုရင် ခန္ဓာကိုယ်အချိန်စက်ဝိုင်းက တဖြည်းဖြည်း ထိခိုက်လာမှာဖြစ်တယ်လို့ စိတ်ရောဂါအထူးကုဆရာဝန်က ဆိုပါတယ်။ ခန္ဓာကိုယ်အချိန်စက်ဝိုင်းကို အနှောင့်ယှက်ဖြစ်ရင် ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ပြောပြထားပါတယ်။

– လုပ်ချင်ကိုင်ချင်စိတ်မရှိ၊ လေးကန်ထိုင်းမှိုင်းနေမယ်

– နေလို့ထိုင်လို့မကောင်းတဲ့အတွက် ရေဓာတ်ကုန်ခန်းမှုတွေဖြစ်စေတဲ့ ကဖင်းဓာတ်ပါဝင်တဲ့အရည်တွေကို သောက်သုံးမိမယ်

– လုပ်ကိုင်နိုင်စွမ်း၊ လုပ်ရည်ကိုင်ရည်တွေ ထိခိုက်လာမယ်

– စိတ်ဆိုးဒေါသထွက်လာမယ်။ သည်းခံနိုင်စွမ်းအားနည်းလာမယ်

Ref: Don’t let #CoronaLockdown mess up your sleep schedule

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top