အီတလီနိုင်ငံ ဂျီနိုအာမြို့ရှိ တံတားတစ်စင်း ကျိုးကျကာ ၃၅ဦး သေဆုံး

39164333_1943067425749388_2953439097227575296_n.jpg

အီတလီနိုင်ငံ ဂျီနိုအာမြို့ အနောက်မြောက်ပိုင်းမှာ ဩဂုတ် ၁၄ ရက် ညပိုင်းက တံတားတစ်စီး ကျိုးကျခဲ့လို့ လူပေါင်း ၃၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အီတလီ ပြည်ထဲရေးဝန်ကြီးဆယ်ဗီနီက ကားတွေ ဖြတ်သန်းသွားလာနေချိန်မှာ တံတား ကျိုးကျသွားခဲ့တာဖြစ်ပြီး တံတားပေါ်က ကားဒါဇင်ချီ ၁၄၈ ပေအမြင့်ကနေ အောက်ကို ပြုတ်ကျသွားခဲ့ကြောင်း ပြောခဲ့ပါတယ်။

တံတားကျိုးကျသွားချိန်မှာ လူ ၁၆ ဦးပျောက်ဆုံးခဲ့ပြီး လူ ၄ ဦးကနေ ၁၂ ဦးအထိ ပျောက်ဆုံးနေတယ်လို့ အီတလီ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တံတားမကျိုးကျတဲ့ အစိတ်အပိုင်းဘက်မှာ ပိတ်မိနေတဲ့ လူရာချီကို ကယ်တင်မှုလုပ်ခဲ့ရကြောင်း အီတလီ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေပြီးအီတလီ နိုင်ငံတဝှမ်းက မီးသတ်သမား ၂၅၀ ဦး အပါဝင် အနံခံခွေးတွေကိုပါ အသုံးပြုနေကြောင်း အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ တံတားကျိုးကျမှုကြောင့် သေဆုံးသွားခဲ့သူများထဲမှာ ကလေးငယ် သုံးဦးလည်း ပါဝင်သွားခဲ့တယ်လို့သိရပါတယ်။ တံတား ကျိုးကျရတဲ့အကြောင်းအရင်းကို အတိကျမသိရသေးကြောင်း၊ တံတားကြံခိုင်ရေးပိုင်းနဲ့ ဘေးကင်းမှုပိုင်းကို အပြစ်တင်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။ အဆိုပါတံတားကို ၁၉၆၀ ခုနှစ်က တည်ဆောက်ခဲ့ပြီး ကုန်ပစ္စည်းများ သယ်ဆောင်ဖို့အတွက် အရေးပါတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။

Ref: bbc “Italy bridge: Rescuers search for survivors in Genoa”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top