ဒီနည်းလမ်းလေးတွေနဲ့ ပုရွက်ဆိတ်တွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်

3-7-2020-yyl-023.jpg

ကဲ … စိုစွတ်တဲ့မိုးရာသီလည်းရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပုရွက်ဆိတ်တွေက ကျွန်တော်တို့ရဲ့အိမ်ထဲ မဖိတ်ခေါ်လည်းပဲ အလုအယက်ရောက်ရှိလို့လာပါပြီ။ ဒါကလည်း မုတ်သုံရာသီထဲရောက်လာတိုင်း ဖြစ်နေကျကိစ္စပါ။

အမှန်အတိုင်းပြောရရင် အင်းဆက်တွေကိုနှိမ်နင်းဖို့အတွက် ဓာတုပစ္စည်းတွေပါဝင်တဲ့ ဖျန်းဆေးတွေကို အိမ်အပြင်ဖျန်းဖို့လောက်ပဲ စာရေးသူကတော့ သုံးချင်ပါတယ်။ အိမ်တွင်းမှာတော့ သဘာဝနည်းလမ်းတွေကို အသုံးပြုပြီးတော့ပဲ နှိမ်နင်းချင်တာပါ။

ဈေးလည်းမကြီးပဲ လုပ်ရလွယ်ကူတဲ့ သဘာဝနည်းလမ်းလေးတွေနဲ့ ပုရွက်ဆိတ်တွေကို ဘယ်လိုထိထိရောက်ရောက် နှိမ်နင်းနိုင်မလဲဆိုတာကို စာရေးသူက ပုံစံအမျိုမျိုးနဲ့စမ်းသပ်ကြည့်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ သဘောအကျဆုံးနဲ့ အလျင်မြန်ဆုံးနည်းလမ်းလေးတွေကို ရိုးရာလေးပရိတ်သတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူကြက်သွန်ဖြူ က ပုရွက်ဆိတ်တွေကို နှိမ်နင်းနိုင်မယ့် အကောင်းဆုံးသော သဘာဝနည်းလမ်းတွေထဲက တစ်ခုပါ။ စာရေးသူကိုယ်တိုင် အကြိမ်ကြိမ်စမ်းသပ်ခဲ့ဖူးပါတယ်။ တကယ်လည်းအကျိုးထူးပါတယ်။ ဇလုံသေးသေးလေးထဲမှာ ကြက်သွန်ဖြူ ကိုနုပ်နုပ်စင်းပြီး ထည့်ထားလိုက်ရုံပါ။ ဇလုံကိုတော့ ပုရွက်ဆိတ်တွေလာတတ်တဲ့ လမ်းကြောင်းနားမှာထားထားလိုက်ပါ။ ရက်အနည်းငယ်ကြာလို့ ပုရွက်ဆိတ်တွေပျောက်သွားတဲ့အခါ ကြက်သွန်ဖြူ တွေကို လွှင့်ပစ်လို့ရပါပြီ။

၂။ ပြောင်းဖူးမှုန့်အကုန်အကျနည်းနည်းနဲ့ ပုရွက်ဆိတ်တွေကို အပြတ်ရှင်းပေးမယ့်အရာက ပြောင်ဖူးမှုန့်ပါ။ ပြောင်းဖူးမှုန့်လေးတွေကို ပုရွက်ဆိတ်လာတဲ့လမ်းကြောင်းမှာ ပုံထားလိုက်တဲ့အခါ ပုရွက်ဆိတ်တွေက ၎င်းတို့ရဲ့အိမ်ဆီ အဲ့ဒီပြောင်းဖူးမှုန့်တွေကို သယ်သွားကြပါတယ်။ နောက်ဆုံးအစာမချေနိုင်တဲ့အခါ ပုရွက်ဆိတ်လေးတွေ အမြစ်တုံးကုန်တော့တာပါပဲ။ ဒီနည်းလမ်းက သင့်ရဲ့ကလေးငယ် ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေကို ကြက်သွန်ဖြူ (သို့) ပူစီနံရွက်ဆီတွေနဲ့ ပေးမထိချင်တဲ့အခါမျိုးမှာ အရမ်းအသုံးဝင်ပါတယ်။

၃။ ရှာလကာရည်နောက်ထပ် ပုရွက်ဆိတ်တွေကို သဘာဝအတိုင်း ထိထိရောက်ရောက် နှိမ်နင်းနိင်မယ့်အရာကတော့ ရှာလကာရည် ၅၀% နဲ့ ရေ ၅၀% အရောအနှောပါ။ ၎င်းအရောအနှောကို ပုရွက်ဆိတ်တွေဆီဖြန်းပြီး ပြန်သုတ်လိုက်ပါ။ ပုရွက်ဆိတ်တွေလာတတ်တဲ့ ပြတင်းပေါက်နဲ့ တံခါးပေါက်လိုနေရာမျိုးမှာလည်း ကြိုတင်ဖြန်းထားလို့ရပါတယ်။ ဒီနည်းလမ်းက ရိုးရှင်းပြီး လျင်မြန်သလို အလုပ်လည်းမရှုပ်ပါဘူး။

၄။ ပူစီနံရွက်ဆီမွှေးကြိုင်တဲ့ရနံ့ရှိတဲ့ ပူစီနံရွက်ဆီကို အသုံးပြုပြီးတော့လည်း ပုရွက်ဆိတ်တွေကို သုတ်သင်လို့ရပါတယ်။ ပူစီနံရွက်ဆီတစ်စက်လောက်ကို ဂွမ်းမှာဆွတ်ပြီး အဲ့ဒီဂွမ်းလုံးကို ပုရွက်ဆိတ်တွေလာတတ်တဲ့နေရာမှာ ချထားလိုက်ပါ။ လာရာလမ်းကြောင်းကနေ လှည့်ပြန်သွားပါလိမ့်မယ်။ ပူစီနံရွက်ဆီရဲ့ရနံ့က မီးဖိုချောင်ကိုလည်း အနံ့အသက်ကောင်းစေပါတယ်။

၅။ သစ်ကြံပိုးခေါက်ပူစီနံရွက်ဆီလိုပဲ မွှေးကြိုင်တဲ့ရနံ့ရှိတဲ့ သစ်ကြံပိုးခေါက်ကိုလည်း ပုရွက်ဆိတ်တွေနှိမ်နင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သစ်ကြံပိုးအခေါက်သပ်သပ် ဒါမှမဟုတ် သစ်ကြံပိုးခေါက်မှုန့်တွေကို ပုရွက်ဆိတ်လာရာ လမ်းကြောင်းတစ်လျှောက်ထားထားလိုက်ပါ။ ပုရွက်ဆိတ်တွေ အလျင်အမြန်ပဲရှင်းသွားမှာဖြစ်ပြီး နောက်တစ်ကြိမ်ထပ်မလာနိုင်တော့ပါဘူး။ ဒီနည်းလမ်းက လုပ်ရလွယ်ကူသလို အနံ့အသက်လည်းကောင်းစေပါတယ်။ ဒီအရာက ပုရွက်ဆိတ်တွေကို သဘာဝနည်းလမ်းအတိုင်း နှိမ်နင်းတဲ့အခါမှာ စာရေးသူအကြိုက်ဆုံးနည်းလမ်းလေးလည်း ဖြစ်ပါတယ်။

Ref: Pinterest “How to get rid of ants naturally”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top