ဗောက်ကင်းစင်တဲ့ဆံသားလေးဖြစ်ဖို့အတွက် ဘယ်လိုလုပ်မလဲ

28-10-2020-yyl-027.jpg

ဆံသားမှာ ဗောက်ထတာကို လူတော်တော်များများ ကြုံတွေ့ကြရတယ်မလား။ ဒီပြဿနာမျိုးကို ကြုံတွေ့ရတဲ့အခါဆို စိတ်ကသိကအောက်ဖြစ်ကြရမှာပါ။ ဦးရေပြားကနေ အဖြူရောင်အမှုန်တွေကျလာတဲ့အခြေအနေကို ကြုံတွေ့ရတာပါ။ ဦးရေပြားယားယံပြီး ဆံသားမှာ အဖြူရောင်အမှုန်တွေဖြစ်နေတဲ့ ဗောက်ထတာက အတော်လေး ဒုက္ခပေးပါတယ်။ ဒီအခြေအနေကို ကုသဖို့အတွက် ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားနေကြတယ်မလား။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ရပါတယ်။

ဆံပင်ကို ဘီးဖြီးပေးပါ

ဗောက်ထခြင်းသက်သာသွားဖို့အတွက် ဦးရေပြားကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ဆံသားကို ဘီးဖြီးပေးတာက ဦးရေပြားမှာ အဆီတွေပိုထုတ်လွှတ်ရင်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးရာရောက်ပါတယ်။ မွေးညင်းပေါက်တွေကို ပွင့်သွားစေဖို့နဲ့ ဦးရေပြားက ဆီထွက်ဖို့အတွက် ပလတ်စတစ်ဘီးနဲ့လည်း ဖြီးပေးလို့ရပါတယ်။ ဆံပင်ကို ဘီးနဲ့ဖြီးပေးတာကလည်း ဆံသားကို သန်စွမ်းစေနိုင်ပါတယ်။

အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးပါ

သင့်ဆံသားမှာ ဗောက်ထနေတယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဗောက်ထခြင်းအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်အတွက် ပိုက်ဆံသုံးပေးဖို့တော့လိုပါတယ်။ ဗောက်ထခြင်းကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတဲ့ Zin Pyrithioneဓာတ်ပါတဲ့ ဆံသားထိန်းသိမ်းပေးတဲ့ထုတ်ကုန်တွေကို ရွေးချယ်ဝယ်ယူပါ။ အဲဒီဓာတ်ပါဝင်တဲ့ဆံသားထိန်းသိမ်းပေးတဲ့ ထုတ်ကုန်တွေက ဗောက်ထခြင်းကို ကာကွယ်ပေးပါတယ်။ ခေါင်းလျှော်စဉ် သင့်ဦးရေပြားကို သေချာသန့်စင်အောင် လျှော်ပေးသင့်ပါတယ်။ ခေါင်းလျှော်ရည်မပြောင်ရင်လည်း ဗောက်ထခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဦးရေပြားကို Exfoliate လုပ်ပေးပါ

ဒီနည်းကလည်း ဗောက်ထတဲ့ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အရမ်းထိရောက်ပါတယ်။ ဆံသားကို exfoliate လုပ်တဲ့ထုတ်ကုန်တွေကို အသုံးပြုနိုင်ပါတယ်။ ဗောက်တွေဖယ်ရှားဖို့အတွက် ဦးရေပြားကို ခေါင်းဘီးနဲ့ဖြီးပြီး နှိပ်နယ်ပေးပါ။ သင့်ဦးရေပြားက အထိခိုက်မခံဘူးဆိုရင် ဆံသားကိုပေါင်းတင်ပေးလိုက်ပါ။ ပေါင်းဆေးကို ဦးရေပြားကနေ ပြောင်စင်အောင်လည်း ရေနဲ့သေချာသန့်စင်ပေးသင့်ပါတယ်။

ပုံမှန် ခေါင်းလျှော်ပေးပါ

ဗောက်ထခြင်းတွေမဖြစ်အောင် ပုံမှန် ခေါင်းလျှော်ပေးသင့်ပါတယ်။ ဗောက်ထစေနိုင်တဲ မွေးညင်းပေါက်တွေ ပိတ်မသွားအောင် ကူညီပေးပါလိမ့်မယ်။ တစ်ပတ်ကို (၂) ကြိမ် ခေါင်းကို သေချာလျှော်ပေးသင့်ပါတယ်။ အရည်အသွေးကောင်းတဲ့ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးသင့်ပါတယ်။

Ref: How to get rid of dandruff for good

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top