အာလူးနဲ့ ချိုင်းအောက်မဲညစ်တာကို ဘယ်လိုလျော့နည်းသွားအောင်လုပ်မလဲ

maxresdefault-1.jpg

အာလူးက စွယ်စုံသုံးလို့ရတဲ့အသီးအနှံဖြစ်သလို အသားအရေအတွက်လည်း အကျိုးကျေးဇူးများစွာရှိပါတယ်။ အာလူးရဲ့အသားရေအကျိုးကျေးဇူးအကြောင်းပြောရမယ်ဆိုရင် အသားရေနေလောင်တာကိုလည်း သက်သာအောင်လုပ်ပေးတဲ့အပြင် အသားရေမဲညစ်တဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ မျက်လုံးမို့တာ၊ မျက်ကွင်းညိုတာတွေကိုလည်း လျော့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။ အာလူးရဲ့အကောင်းဆုံးကောင်းကျိုးကတော့ မဲညစ်တဲ့အသားရေကို ဖြူလာစေနိုင်တာပါပဲ။ ချိုင်းအောက်မဲညစ်တာကို ဖြေရှင်းတဲ့အခါ အတော်လေးအသုံးဝင်ပါတယ်။

ဘယ်လိုအသုံးဝင်လဲ

အာလူးအရည်က မီလာနင်ထုတ်လုပ်မှုကို‌ လျော့ချပေးပြီးအသားရေကို ဝင်းလာစေနိုင်တဲ့ ချေးချွတ်ပေးတဲ့ဂုဏ်သတ္တိပါဝင်တဲ့အတွက် အသားရေမဲညစ်တာတွေအတွက် ကောင်းမွန်ပါတယ်။ ကိုလာဂျင်ထုတ်လုပ်ပေးနိုင်စွမ်းရှိတဲ့ ဗီတာမင်စီပါဝင်တဲ့အတွက်လည်း အသားရေမဲညစ်တာတွေကို လျော့ပါးသွားစေနိုင်ပါတယ်။

ချိုင်းအောက်ဖြူဝင်းလာစေဖို့အတွက် ဘယ်လိုအသုံးပြုမလဲ

အာလူးက သဘာဝအလျောက် ချေးချွတ်ပေးတဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ချိုင်းအောက်မဲညစ်တာတွေ ဖြူဝင်းလာအောင် ကူညီပေးနိုင်တဲ့အပြင် ချိုင်းအောက်ယားယံတာကိုလည်း ချက်ချင်းသက်သာသွားစေနိုင်ပါတယ်။ ခက်ပါးပါးလေးလှီးထားတဲ့ အာလူးချပ်ကို ချိုင်းအောက်ထားတာ (သို့) အာလူးအရည်ကို ချိုင်းအောက်သုတ်လိမ်းထားကာ (၁၀-၁၅) မိနစ်လောက် အချိန်ပေးလိုက်ပါ။ ထိရောက်တဲ့ရလဒ်ကို ရဖို့အတွက်ဆိုရင် တစ်နေ့ကို (၂) ကြိမ် လုပ်ပေးနိုင်ပါတယ်။ ဒီနည်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် ချိုင်းအောက်မဲညစ်တာကို လျော့ပါးသွားစေမှာဖြစ်ပါတယ်။

အမဲစက်တွေကို လျော့ပါးသွားစေဖို့အတွက်

အမဲစက်တွေကို ဖယ်ရှားပစ်တဲ့နေရာမှာလည်း အာလူးက အသုံးဝင်ပါတယ်။ လုပ်ပေးရမှာကတော့ အာလူးအရည်ကို ဝါဂွမ်းစနဲ့ယူပြီး အမဲစက်ရှိတဲ့နေရာမှာ တို့လိမ်းပေးရုံပါပဲ။ သုတ်လိမ်းထားတဲ့အာလူးအရည်ကို ခြောက်အောင်ထားပြီး ရိုးရိုးရေနဲ့ သန့်စင်ပေးလိုက်ပါ။ ဒီနည်းကို ရက်အနည်းငယ်လောက်လုပ်လိုက်မယ်ဆိုရင် ရလဒ်ကောင်းကို တွေ့မြင်ရပါလိမ့်မယ်။

Ref: How to lighten dark underarms with potato
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top