ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန် အသက်အရွယ်ကြီးရင့်တဲ့ မိဘတွေကို ဘယ်လိုဂရုစိုက်စောင့်ရှောက်မလဲ

25-3-2020-yyl-019.jpg

ကိုရိုနာဗိုင်းရပ်စ်က အခြားသူတွေထက် အသက်ကြီးပိုင်တွေကို ပိုပြီးကူးစက်တယ်လို့ the Centre for Disease Control and Preventiom က ဆိုထားပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကျွန်တောတို့ရဲ့ မိဘတွေကို ဂရုစိုက်ဖို့ အရေးကြီးပြီး အိမ်မှာနေဖို့နဲ့ လူတွေနဲ့ ခပ်ဝေးဝေးမှာ နေဖို့ ပြောထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ မိဘတွေက ကလေးတွေလို သတိလက်လွတ်ပြုမူမိတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ အသက်အရွယ်ကြီးရင့်နေတဲ့မိဘတွေကို ကလေးတွေလို ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ တစ်ခါတလေ မိဘတွေကို စောင့်ရှောက်ရတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် မိဘတွေကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတဲ့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

မိဘတွေရဲ့အမြင်နဲ့ပတ်သက်ပြီး ငြင်းခုံနေတာကို ရပ်လိုက်ပါ

မိဘတွေက သူတို့ရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အရာတွေနဲ့ယှဉ်ရင် ယနေ့ခေတ်လူငယ်တွေက အပိုတွေလုပ်ကြတယ်လို့ ထင်ကြပါတယ်။ တချို့မိဘတွေက ရောဂါနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့အဆင့်တွေက မလိုအပ်ဘူးလို့ ခံစားမိကြပါတယ်။ မိဘတွေနဲ့ပြိုင်ပြီး ငြင်းနေမဲ့အစားအကြံပေးချက်တွေက တစ်ကမ္ဘာလိုက်နာဖို့ ချမှတ်ထားတယ်ဆိုတာကို ပြောပြပေးပါ။ သူတို့ကို ကပ်ရောဂါအကြောင်း မခံစားစေဘဲ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအကြောင်း နားလည်ပါစေ။ သူတို့လျစ်လျူရှုထားတာတွေကို နားလည်အောင်ရှင်းပြပြောဆိုပြီး ချမှတ်ထားတဲ့အချက်တွေကို လိုက်နာတာက သူတို့ရဲ့အသက်နဲ့ အခြားသူတွေရဲ့အသက်ကို ကယ်တင်ရာရောက်ကြောင်း နားလည်အောင် ပြောပေးသင့်ပါတယ်။

အသက်အရွယ်က ဘာမှမဟုတ်တာကို ပြောပြပါ

မိဘတွေကို ကြိုတင်ကာကွယ်တာက အသက် ငယ်တာ၊ ကြီးတာနဲ့မဆိုင်ကြောင်း နားလည်အောင် ပြောပြဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်နဲ့ အခြားကျန်းမာရေးအခြေအနေတွေက ရောဂါပြင်းထန်မှုကို လွှမ်းမိုးနိုင်တဲ့ အချက်တွေဖြစ်တယ်ဆိုတာ ပြောပြပေးပါ။ အသက်အရွယ်ကြီးလည်း ကိုယ်ခံအားစနစ်ကောင်းနေမယ်၊ အကြံပြုချက်အတိုင်း လိုက်နာမယ်ဆိုရင် ရောဂါအလွယ်တကူ မဝင်ရောက်နိုင်ကြောင်း မိဘတွေ နားလည်ပါစေ။

အခြားကူးစက်ရောဂါတွေကိုလည်း သတိထားတတ်ပါစေ

အခုအချိန်က အခြားကူးသက်ရောဂါတွေ ဝင်လာနိုင်တဲ့အချိန်ပါပဲ။ အခုအချိန်မှာ ဆေးရုံတွေက COVID 19 လူနာတွေနဲ့ ပြည့်နေတဲ့အတွက် သင့်မိဘသာ နေမကောင်းဖြစ်သွားရင် စိုးရိမ်စရာပါပဲ။ မိဘတွေ ကောင်းကောင်းစားဖို့နဲ့ ကျန်းမာရေးဂရုစိုက်ဖို့အတွက် သင်က နှစ်ဆစောင့်ရှောက်ပေးသင့်ပါတယ်။ အခုလိုအချိန်မျိုးမှာ မိဘတွေရဲ့ကိုယ်ခံအားစနစ်ကောင်းလာဖို့ ဂရုစိုက်စောင့်ရှောက်သင့်ပါတယ်။

ငြင်းပယ်မှုတွေကြားမှာ မနေခိုင်းပါနဲ့

တချို့မိဘတွေက ကပ်ရောဂါရဲ့ပြင်းထန်မှုကို သိချင်မှသိကြမှာပါ။ ရောဂါနဲ့ပတ်သက်ပြီး အစိုးရလုပ်ဆောင်နေတာတွေက ရောဂါပျံနှံမှုကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်ဆိုတာလည်း ယုံချင်မှယုံကြမှာပါ။ လူစုလူဝေးကို ရှောင်တာက ရောဂါပျံနှံ့မှုကို တကယ်ထိန်းချုပ်နိုင်တယ်ဆိုတာကို မိဘတွေသိအောင်ပြပါ။ အသက်ကြီးရွယ်အိုတွေ လူစုလူဝေးတွေရဲ့ ဝေးရာ အိမ်ထဲမှာပဲနေဖို့ သားသမီးတွေက အလေ့အကျင့်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါကလည်း မိဘတွေ ဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်နိုင်မယ့် သားသမီးတွေရဲ့ တာဝန်ပါပဲ။

Ref: How to parent your ageing parents during coronavirus pandemic
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top