အမှိုက်ဆိုပြီး မလွှင့်ပစ်သင့်တဲ့ အစားအစာအစိတ်အပိုင်းများ

food-parts-citrus-peels.jpg

၁။ ရှောက်အမျိုးအစားအသီး အခွံ။

ရှောက်အနွယ်ဝင်တွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်ချိုသီး၊ ရှောက်သီးတို့ကို အရည်ညှစ်ပြီး အခွံကို လွှင့်ပစ်လိုက်ဖို့စိတ်ကူးနေပါသလား။ ဒီအခွံတွေက ဟင်းပွဲအလှဆင်တဲ့အခါ နှင့်ဟင်းအနံ့အရသာပြောင်းချင်တဲ့အခါ အရမ်းအသုံးဝင်ပါတယ်။ အာဟာရဓာတ်တွေလည်း အများကြီးပါပါတယ်။ အခွံမှာအသားထက် ဗီတာမင်စီ ပိုများပြီး တခြားသော ဗီတာမင်နှင့် သတ္တုဓာတ်တွေလည်းပါပါတယ်။

၂။ ငှက်ပျောခွံ

ငှက်ပျောသီးစားတဲ့အခါ ပျော့ပျောင်းတဲ့ ငှက်ပျောခွံကို သတိတောင်မထားဘဲ လွှင့်ပစ်တတ်ကြပါတယ်။ ငှက်ပျောသီးမှာ tryptophan ပါလို့ ပျော်ရွှင်မှုဟော်မုန်း ဆီရိုတိုနင်ကို မြှင့်တင်ပေးပါတယ်။ ငှက်ပျောခွံအမှည့်တွေကို Smoothie ထဲထည့်ဖျော်ပြီး သောက်သုံးလို့လည်းရပါတယ်။

၃။ ဖရဲသီးခွံနှင့် ဖရဲစေ့

ဖရဲသီးရဲ့ အရသာရှိတဲ့ အနီရောင်အတွင်းသားကိုဖျော်ရည် အဖြစ်လုပ်သောက်ကြပေမယ့်အခွံ နှင့် အစေ့မှာ အာဟာရဓာတ် မြင့်မြင့်မားမားပါနေတယ်ဆိုတာတော့ သတိမထားဖြစ်ကြပါဘူး။ ဖရဲသီးခွံရဲ့ အဖြူသားလေးကို လှီးယူပြီး ဟင်းချက်တဲ့ နေရာမှာသုံးရင် သွေးလည်ပတ်မှုအားကောင်းစေပြီး နှလုံးကျန်းမာရေးကောင်းစေပါတယ်။ ကိုယ်ခံအားလည်းတိုးစေပါတယ်။ ဖရဲစေ့ကိုတော့ ကွာစေ့အဖြစ်စားလို့ရပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်းရိုးတံ

ပန်းဂေါ်ဖီစားရင် ရိုးတံတွေကို လွှင့်ပစ်ကြတယ်ဟုတ်။ တကယ်တော့ ဒီရိုးတံတွေက ဆာဖော်ရာဖိန်းဓာတ်ပါလို့သွေးကြောဆဲလ်တွေ ပျက်စီးခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။

၅။ နာနတ်သီးအူတိုင်။

နာနတ်သီးလှီးတဲ့အခါ အူတိုင်နားရောက်တာနဲ့လှီးထုတ်ပြီးတော့ လွှင့်ပစ်လိုက်ကြတယ်။ တကယ်တော့ နာနတ်သီးအူတိုင်မှာ ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းတွေချေဖျက်ပေးနိုင်တဲ့ ပရိုတိန်းပါလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ကာကွယ်ပေးပါတယ်။

၆။ ကီဝီသီးအခွံ။

မက်မွန်သီးစားသလိုမျိုး ကီဝီသီးကိုတော့ အခွံပါ မစားနိုင်ဘူးလို့မပြောလိုက်ပါနဲ့။ သူ့အခွံက စားလို့ရပါတယ်။ ကီဝီခွံမှာ ဗီတာမင်စီ အများကြီးပါပါတယ်။ အသီးတစ်ခုလုံးမှာ အမျှင်ဓာတ်အများဆုံးပါတဲ့ အပိုင်းလည်းဖြစ်ပါတယ်။ ကီဝီသီးကို အခွံမဖယ်ဘဲ Smoothie အဖြစ်ဖျော်သောက်ရင်ပိုအဆင်ပြေပါတယ်။

May Moe (ရိုးရာလေး)

Ref : RD Food :  Food Parts You Should Never Throw in the Garbage

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top