ကမ္ဘာ့သရုပ်ဆောင်ကြေး အများဆုံးရတဲ့ သရုပ်ဆောင်ကဘယ်သူလဲ

1247.jpg

ဟာသဇာတ်ကားဖြစ်တဲ့ Ted နဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Transformers: Age of Extinction ဇာတ်ကားတွေရဲ့ သရုပ်ဆောင် မာခ်ဝဲလ်ဘာဂ်ျ (Mark Wahlberg) ဟာ ဒွိန်းဂျွန်ဆင်ကို ကျော်ဖြတ်ပြီး ဟောလိဝုဒ်သရုပ်ဆောင်ကြေး အများဆုံးရတဲ့ မင်းသားအဖြစ် ရပ်တည်ခဲ့ပါတယ်။

မာခ်ဝဲလ်ဘာဂ်ျ ဟာ မနှစ်ကသရုပ်ဆောင်ကြေး ဒေါ်လာ ၆၈ သန်းရခဲ့ပြီး ဒီဝင်ငွေဟာ သရုပ်ဆောင်ကြေး အများဆုံးရတဲ့ မင်းသမီးအမ်မာစတုန်းဝင်ငွေထက် ၂ ဆကျော် များနေပါသေးတယ်။

အသက် ၄၆ နှစ်ရှိသူ ဝဲလ်ဘာဂ်ျ နောက်ဆုံးရိုက်ကူးထားတဲ့ Transformers: The Last Knight ဇာတ်ကားဟာ ငွေကြေးအရ အရမ်းကြီးအောင်မြင်တဲ့ ဇာတ်ကားတစ်ကားမဟုတ်ပေမဲ့ ဝဲလ်ဘာဂ်ျ ဟာ စာရင်းထိပ်ဆုံးကိုရောက်လာခဲ့တာဖြစ်ပြီး ဝဲလ်ဘာဂ်ျဟာ နောက်ထွက်မယ့် Daddy’s Home 2 ဟာသဇာတ်ကား မှာလည်းပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Baywatch ဇာတ်ကားရိုက်ကူးထားတဲ့ ဒွိန်း ဂျွန်ဆင်ကတော့ အမေရိကန်ဒေါ်လာ ၆၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဗင်ဒီဇယ်ကတော့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အာရှပရိတ်သတ်တွေ အများဆုံးအားပေးကြတဲ့ ဂျက်ကီချမ်းကတော့ အမေရိကပြင်ပ သရုပ်ဆောင်ကြေးအများဆုံးရတဲ့ မင်းသားအဖြစ်ရပ်တည်နေပြီး တခြားနိုင်ငံတကာမှ အဆင့် ၁ မှ၁၀ အတွင်းဝင်နေတဲ့ မင်းသားတွေကတော့ ရှာရွတ်ခန်း( Shah Rukh Khan)၊ ဆယ်လမန်ခန်း(Salman Khan) နဲ့ အက်ရှေကူးမား(Akshay Kumar) တို့ဖြစ်ပါတယ်။

ဒီလေ့လာချက်ကို Forbes မဂ္ဂဇင်းမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီဝင်ငွေဟာ အခွန် မဆောင်ရသေးခင် ရုပ်ရှင်၊ ကြော်ညာခတွေမှရတဲ့ ဝင်ငွေတွေကို တွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒီလို သရုပ်ဆောင်ကြေးအများဆုံးရတဲ့သရုပ်ဆောင် တွေထဲမှာ မင်းသမီးတွေကတော့  အများကြီး နောက်ကျကျန်ခဲ့တာကိုတွေရပြီး La La Land ဇာတ်ကားနဲ့အော်စကာရခဲ့တဲ့ မင်းသမီး အမ်မာ စတုန်း (Emma Stone)တောင် ဒေါ်လာ ၂၆ သန်းသာရခဲ့တာကို တွေ့ရပါတယ်။

Forbes ရဲ့တွက်ချက်မှုအရ သရုပ်ဆောင်ကြေးအများဆုံးရတဲ့ မင်းသား ၁၀ ယောက် ရဲ့ စုစုပေါင်းဝင်ငွေဟာ အခွန်မဆောင်မှီ ဒေါ်လာ ၄၈၈.၅ သန်းရှိပြီး ဒီဝင်ငွေဟာ ၂၀၁၆ ဇွန်လမှ ၂၀၁၇ ဇွန်လအထိ တွက်ချက်ထားတာလည်းဖြစ်ပါတယ်။ အောက်ကစာရင်းမှာတော့ ကမ္ဘာတစ်ဝှမ်း သရုပ်ဆောင်ကြေးအများဆုံးရတဲ့ မင်းသား၊ မင်းသမီးအယောက် ၂၀ ကိုဖော်ပြပေးလိုက်ပါတယ်။

1. Mark Wahlberg, $68 million

2. Dwayne “The Rock” Johnson, $65 million

3. Vin Diesel, $54.5 million

4. Adam Sandler, $50.5 million

5. Jackie Chan, $49 million

6. Robert Downey, Jr., $48 million

7. Tom Cruise, $43 million

8. Shah Rukh Khan, $38 million

9. Salman Khan, $37 million

10. Akshay Kumar, $35.5 million

11. Chris Hemsworth, $31.5 million

12. Tom Hanks, $31 million

13. Samuel L. Jackson, $30.5 million

14. Ryan Gosling, $29 million

15. Emma Stone, $26 million

16. Jennifer Aniston, $25.5 million

17. Jennifer Lawrence, $24 million

18. Ryan Reynolds, $21.5 million

19. Matt Damon, $21 million

20. Jeremy Renner, $19 million

Ref : Forbes News : The World’s Highest-Paid Actors 2017: Mark Wahlberg Leads With $68 Million

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top