ဖာဂူဆန်ဆယ်နှစ်ကျော် ကျင့်သုံးလာခဲ့တဲ့စည်းမျဉ်းကို မော်ရင်ဟိုက ဖျက်သိမ်းလိုက်တဲ့အတွက် မန်ယူစီနီယာကစားသမားများ စိုးရိမ်နေ

3609A8E100000578-3687877-image-a-10_1468517376635.jpg

မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ ဖာဂူဆန်လက်ထက်ကတည်းက ဆယ်နှစ်ကျော် ကျင့်သုံးလာခဲ့တဲ့စည်းမျဉ်းကို ရုပ်သိမ်းခဲ့ပြီး အိုးထရတ်ဖို့ကွင်းမှာ  ဘောလုံးပွဲမကစားခင် ကစားသမားတွေအားလုံးကို အိမ်မှာနေခွင့်ပြုခဲ့ပါတယ်။

အရင်တုန်းကဆိုရင် မန်ယူကစားသမားတွေအားလုံးဟာ မန်ချက်စတာမြို့ရှိ လိုရီဟိုတယ် (Lowry Hotel) ကို ပြိုင်ပွဲမစခင် လာရောက်ပြီး အသင်းကိုရောက်ရှိကြောင်းသတင်းပို့ရပါတယ်။ ဒီလိုသတင်းပို့မှသာ ကစားသမားတွေရဲ့ အိပ်စက်ချိန်နဲ့ အစားအသောက်ကို တိုင်းတာနိုင်ဖို့ ဖာဂူဆန်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်နဲ့ လူးဝစ်ဗန်ဂေါ တို့လည်း ဖာဂူဆန်ရဲ့နည်းစနစ်ကိုပဲကျင့်သုံးခဲ့ပြီး မော်ရင်ဟိုကလည်း သူ့ရဲ့အိုးထရတ်ဖို့ပထမဆုံးရာသီမှာ ဒီနည်းစနစ်ကိုပဲ ကျင့်သုံးခဲ့ပေမဲ့ အခုအချိန်မှာတော့ ဒီစည်းမျဉ်းကို အငြင်းပွားဖွယ်ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

မော်ရင်ဟိုက အခုလို ဒီစည်းမျဉ်းကို ရပ်ဆိုင်းလိုက်တဲ့အတွက် ကစားသမားတွေဟာ ပြိုင်ပွဲမစခင် ညနေအထိ သူတို့မိသားစုများနဲ့ အိမ်မှာပဲ ဆက်နေခွင့်ရတော့မှာဖြစ်ပါတယ်။ ဒီခံစားခွင့်ကို ဩဂတ်လ ၁၃ ရက်က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာကတည်းက စတင်ကျင့်သုံးခဲ့တာ ဖြစ်ပေမဲ့  ကစားသမားများအားလုံးဟာ အကျင့်မပျောက်သေးဘဲ လိုရီဟိုတယ်ကို ရောက်လာခဲ့ကြပြီး ပွဲအကြိုအစားအသောက်များကို စုရုံးစားသောက်ခဲ့ကြပါတယ်။

ဒီခံစားခွင့်ဟာ လာမယ့် ၂၆ ရက်နေ့မှာ ကစားမယ့် လက်စတာအသင်းနဲ့ ပွဲစဉ်မှာလည်း ဆက်ရှိဦးမှာ ဖြစ်ပြီး မော်ရင်ဟိုကတော့ မန်ယူအသင်းကစားသမားတွေ အိမ်မှာ သက်တောင့်သက်သာရှိစေဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုခံစားခွင့်ပေးလိုက်ပေမဲ့ မန်ယူအသင်းရဲ့ စီနီယာ ကစားသမားတွေကတော့ အသင်းသားအသစ်တွေ စည်းမျဉ်းအသစ်ကြောင့် စည်းကမ်းလျော့ရဲသွားမှာ စိုးရိမ်နေကြပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းတာဝန်ရှိသူများနဲ့ မော်ရင်ဟိုဟာ လာမယ့်အပတ်တွေမှာ ပြောင်းလဲမှုကြောင့် ဘာတွေ ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပြီး ကစားသမားတွေ စည်းကမ်းမလျော့ရဲဖို့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Ref : Metro Sports : Senior Manchester United players express concerns as Jose Mourinho ends decade-old Sir Alex rule

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top