မြန်မာပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ လက်ပွားမင်းသားဟရိတစ်ရိုရှန်းဟာ ဒီဇင်ဘာ ၂၃ ရက်နေ့က သူ့ရဲ့ဝမ်းကွဲဖြစ်သူ အီရှန် ရိုရှန်းရဲ့မင်္ဂလာပွဲကို သား ၂ ယောက်ဖြစ်တဲ့ ဟရီဟန်နဲ့ ဟရစ်ဟန်တို့နဲ့အတူ တက်ရောက်ဖြစ်ခဲ့ပါတယ်။

ဟရိတစ်က စတိုင်ကျတဲ့ အသွင်အပြင်ကြောင့် ခန်းမအပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ဓာတ်ပုံဆရာတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူဟာ သား ၂ ယောက်အပြင် ချစ်သူ ဆာဘာနဲ့ပါ မင်္ဂလာပွဲကို လာရောက်ခဲ့တာပါ။ မင်္ဂလာပွဲမှာ မင်္ဂလာသတို့သား၊ သတို့သမီးတို့နဲ့အတူ မိသားစုဓာတ်ပုံလည်း ရိုက်ခဲ့တဲ့အပြင် သား ၂ ယောက်နဲ့လည်း ကခဲ့ပါသေးတယ်။
သူဟာ မင်္ဂလာပွဲလာတဲ့အချိန်မှာ သား ၂ ယောက်နဲ့အတူ ခန်းမထဲကို ပျော်ရွှင်စွာနဲ့ ဝင်သွားခဲ့တာပါ။ အတွင်းထဲမဝင်ခင် ဓာတ်ပုံဆရာတွေကို ယဉ်ကျေးစွာ နှုတ်ဆက်သွားခဲ့သေးတယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းကလည်း ဟရိတစ်က ဝမ်းကွဲရဲ့မင်္ဂလာပွဲမတိုင်ခင်အခမ်းအနားကို သူ့ချစ်သူ ဆာဘာအာဇတ်၊ သား ၂ ယောက်တို့နဲ့ တက်ရောက်ခဲ့တာလည်း တွေ့ရပါတယ်။

ဟရိတစ်က ဆာဘာနဲ့ဆက်ဆံရေးကို ဒါရိုက်တာကာရန် ဂျိုဟာရဲ့ အသက် ၅၀ ပြည့်မွေးနေ့ပွဲမှာ အတည်ပြုပေးခဲ့တာပါ။ အရင်က ဆူဆန် ခန်းနဲ့ လက်ထပ်ခဲ့ပြီး သား ၂ ယောက်ရခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ သူတို့နှစ်ယောက် ကွာရှင်းခဲ့ပါတယ်။
Ref: Hrithik Roshan Poses With Sons Hrehaan And Hridhaan At Cousin Eshaan’s Wedding
WL (ရိုးရာလေး)

