ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးအတွက် ဗြိတိန်က လက်နက်နဲ့စစ်သည်တွေ ပို့ဆောင်

16-2-2022-yyl10.jpg

ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် ၁၀၀,၀၀၀ နီးပါး တပ်စွဲထားပြီးနောက်မှာ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးအတွက် တာတိုပစ် တင့်ကားဖျက်ဒုံးကျည်တွေ ပေးပို့ခဲ့ပြီး ယူကရိန်းစစ်သည်တွေကို လေ့ကျင့်ပေးဖို့ ဗြိတိန်စစ်သည်အဖွဲ့ငယ်တစ်ဖွဲ့ စေလွှတ်သွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ဘန်ဝေါလေ့စ်က ပြောပါတယ်။ ယူကရိန်းနိုင်ငံကို ကျူးကျော်ရာမှာ ရုရှားစစ်သည်တွေ ပါဝင်လာမှာကို အမှန်တကယ် စိုးရိမ်ပူပန်စရာဖြစ်နေတယ်လို့ သူက ဆိုပါတယ်။ ရုရှားနိုင်ငံကတော့ ကျူးကျော်တိုက်ခိုက်မယ့်အစီအစဉ်မရှိဘူးလို့ ငြင်းဆန်ခဲ့ပြီး အနောက်အုပ်စုက ရန်လိုနေတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ယူကရိန်းတပ်ဖွဲ့တွေကို လေ့ကျင့်ရာမှာ ကူညီပံ့ပိုးပေးဖို့ ယူကရိန်းနိုင်ငံမှာ ဗြိတိန်စစ်သည် ဒါဇင်ပေါင်းများစွာ ရောက်ရှိနေခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းရေတပ်ကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးမယ်လို့လည်း ဗြိတိန်နိုင်ငံက ကတိပြုထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က တင့်ကားဖျက်လက်နက်ငယ် ပထမအသုတ် ပေးပို့ခဲ့တယ်လို့ ဘင်ဝေါလေ့စ်က ဆိုခဲ့ပေမဲ့ ဘယ်အမျိုးအစားလဲဆိုတာကိုတော့ ခွဲခြားဖော်ပြခဲ့ခြင်းမရှိပါဘူး။ ယူကရိန်းနိုင်ငံ တည်ငြိမ်မှုပျက်ပြားစေမယ့်ကိစ္စတစ်ခုခု လုပ်လာရင် ရုရှားနိုင်ငံအပေါ် နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အသင့်ရှိတယ်လို့ ဘင်ဝေါလေ့စ်က ပြောပါတယ်။

ဗြိတိန်နိုင်ငံက လက်နက်နဲ့ စစ်သည်တွေ ပို့ဆောင်ပေးတဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်က ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်တာဟာ အကြီးမားဆုံးပြဿနာဖြစ်နေတယ်လို့ ပရီစတိုင်ကိုက ပြောပါတယ်။ ” ကျွန်တော်တို့ နေတိုးအဖွဲ့ဝင် ဖြစ်ချင်တယ်။ ဥရောပရဲ့ အင်အားအကြီးဆုံး စစ်တပ်ကို ကျွန်တော်တို့ဘာသာ ရင်ဆိုင်နေရတယ်” လို့ ပရီစတိုင်ကိုက ပြောပါတယ်။

Ref: BBC “Russia-Ukraine crisis: UK sending weapons to defend Ukraine, says defence secretary”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top