ရိုးသားပြီးတာဝန်သိတဲ့လုံခြုံရေးဝန်ထမ်းကို ဧရာဝတီဘဏ်က ဂုဏ်ပြု

67880459_2307390576009903_477416585959571456_n.jpg

ကျောက်တံတားဧရာဝတီဘဏ်ခွဲမှာ တာဝန်ထမ်းဆောင်နေတေဲ့ လုံခြုံရေးဝန်ထမ်းဦးနိုင်လင်းဦးက ၃၀-၇-၂၀၁၉ ရက်နေ့ နေ့လည်မှာ Customer တစ်ဦး မေ့ကျန်ရစ်ခဲ့တဲ့ စာရွက်စာတမ်းနဲ့ အဖိုးတန်လက်ဝတ်ရတနာပစ္စည်းတွေကို တွေ့ရှိခဲ့ပြီး ရိုးသားစွာနဲ့ ဘဏ်ခွဲတာဝန်ခံကို အပ်နှံခဲ့ပါတယ်။

 

ဘဏ်ခွဲတာဝန်ခံက CCTV မှတ်တမ်းကို ပြန်လည်စစ်ဆေးပြီး ပစ္စည်းပိုင်ရှင် Customerကို ၃၁-၇-၂၀၁၉ ရက်နေ့ ညနေပိုင်းမှာ ပြန်ပေးခဲ့ပါတယ်။ အဲဒီလိုတာဝန်သိပြီး ရိုးသားသူလုံခြုံရေးဝန်ထမ်း ဦးနိုင်လင်းဦးကို ဧရာဝတီဘဏ် Board of Directors အဖွဲ့နဲ့ အကြီးတန်းစီမံအုပ်ချုပ်မှုအဖွဲ့က ချီးမြှင့်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့အတူ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁,၀၀၀,၀၀၀ (ကျပ် ဆယ်သိန်း တိတိ) ကို မနေ့က သြဂုတ်လ (၁) ရက်နေ့မှာ တာဝန်ရှိသူတွေက ဝမ်းမြောက်ဂုဏ်ယူစွာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Ref: AYA BANK
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply