အစားအသောက်ကောင်းကြိုက်သူတွေအတွက် Grandma Food Court(အဘွားရဲ့ မုန့်ဈေးတန်း)

26239612_2052223528349741_8739223678069243904_o-1.jpg

ကဲ ဆိုင်သစ်လေးတွေကို လိုက်ရှာနေတဲ့ Foodie လေးတွေအတွက် သူငယ်ချင်းတွေနဲ့သွားပြီး မြည်းစမ်းဖို့ ဆိုင်သစ်တစ်ဆိုင် ထပ်ဖွင့်လိုက်ပါပြီ။ လိပ်စာကတော့ ခြံနံပတ် 3E ရှင်စောပုဘုရားလမ်းနဲ့ သပြေညိုလမ်းထောင့်၊ စမ်းချောင်းမြို့နယ် မှာပါ (မြေနီကုန်း City Mart ၊ ပြည်လမ်း Strategy First ကျောင်းတို့နဲ့ နီးပါတယ်)။

ဘာတွေရောင်းလဲ ကြည့်ကြရအောင်…မုန့်ဈေးတန်းဆိုတဲ့ နာမည်အတိုင်း အစုံရပါတယ်။ အထူးခြားဆုံးကတော့ မွန်ရိုးရာ စကောထမင်းပါ။ ဟင်းအစုံနဲ့ မွန်ချက်အရသာ စစ်စစ်လေးလးမို့ မွန်အစားအစာကြိုက်သူတွေ အတွက်တော့ သွားစားသင့်တဲ့နေရာလေးပါ။ ပြီးတော့ မော်လမြိုင်လက်ရာ ပဲလိပ်ရှိမယ်။ နာမည်ကြီး မအိဝက်သားဒုတ်ထိုးလည်း ရှိမယ်ဆိုတော့ ဘယ်လိုပြောရမလဲဆိုတော့ အိုအိရှိပေါ့။

မုန့်ဟင်းခါး၊ မြန်မာထမင်းကြော်နဲ့ အသုပ်မျိုးစုံကိုလည်း ဈေးနှုန်း သက်သက်သာသာနဲ့ ရောင်းချပေးနေပါတယ်။ အားလုံးစားပြီးရင် အချိုတည်းဖို့ အအေးမျိုးစုံ၊ နှင်းပုလဲ ရေခဲမုန့်၊ ဖာလူဒါ စတဲ့အချိုပွဲတွေကိုလည်း ရနိုင်တာမို့ အစားကြေးများတဲ့ သူငယ်ချင်းတွေနဲ့တောင် အတူတူလာလို့ရတယ်။ (ပင်လယ်စာ Menu ကိုလည်း ပြင်ဆင်နေပြီမို့ သိပ်မကြာခင်မှာ ထပ်ပြီးကြေငြာပေးမယ်နော်)

ကျယ်ဝန်းတဲ့ ဆိုင်နေရာလည်း ဖြစ်နေလို့ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး Chill ဖို့ သိပ်ကောင်းမှာ။ နားအေးပါးအေးကြိုက်တဲ့သူတွေဆိုရင် အစားကောင်းလေးနဲ့ စာအုပ်တစ်အုပ်ဖတ်ပြီး အေးဆေးငြိမ့်လို့ရတာပဲ။ ဆိုင်ဖွင့်ချိန်က မနက် ၇နာရီကနေ ည၈နာရီထိဆိုတော့ မနက်အဆာပြေစာပဲ စားစား နေ့လည်စာ ညစာပဲ စားစား တော်တော့ကို အဆင်ပြေတယ်လေ။

ဧပြီလ (၄)ရက်နေ့ ညနေ(၄)နာရီက Grandma Food Court (အဘွားရဲ့ မုန့်ဈေးတန်း) ဆိုင်ဖွင့်ပွဲ လုပ်ခဲ့ပါတယ်။ အဲဒီပွဲကို Hinthar Media Corporation ရဲ့ CEO ဦးမင်းဗညားစန်းနဲ့ ဇနီးဒေါ်သက်သက်ဆွေ၊ အကယ်ဒမီ ကျော်ရဲအောင်၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် လိမ္မော်သီး၊ ဝေလာရီ၊ ခိုင်ပွင့် ၊ မေနန္ဒာကျော်၊ အာကာကျော် (Graffiti) တို့လည်း လာကြသေးတယ်။ရောင်းနေတဲ့ ဟင်းပွဲတွေနဲ့ အသေးစိတ်အချက်အလက်သိချင်ရင်https://www.facebook.com/grandmastylecan/?ref=br_rs မှာဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ အစားကောင်းကို ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင် Grandma Food Court (အဘွားရဲ့ မုန့်ဈေးတန်း) က မဖြစ်မနေ သွားရောက်မြည်းစမ်းသင့်တဲ့ နေရာတစ်ခုပါပဲလို့ အကြံပေးပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top