Golden Ratio အရ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားဖြစ်လာတဲ့ ရောဘတ်ပတ်တင်ဆန်

rbpts01.jpg

DC ရဲ့ လင်နို့လူသားအဖြစ် သရုပ်ဆောင်မယ့် နာမည်ကြီးမင်းသား ရောဘတ်ပတ်တင်ဆန်ဟာ လူတစ်ယောက်ရဲ့အလှတရားကို တိုင်းတာတဲ့ Phi (Golden Ratio) အရ ပြီးပြည့်စုံတဲ့ မျက်နှာပိုင်ရှင်ဖြစ်တဲ့အတွက် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသားဖြစ်လာခဲ့ပါတယ်။ သူရဲ့မျက်နှာကို Phi (Golden Ratio) နဲ့ တိုင်းတာတဲ့အခါမှာ သတ်မှတ်ထားတဲ့စံနှုန်းနဲ့ (၉၂.၁၅) ရာခိုင်နှုန်းလောက် အတိအကျကိုက်ညီမှုရှိတာကို တွေ့ရှိခဲ့ရတာပါ။

ရောဘတ်ပတ်တင်ဆန်ရဲ့မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်း၊ မေးစေ့၊ မေးရိုးနဲ့ မျက်နှာကျပုံတွေကို အခြားဆယ်လီတွေနဲ့အတူ တိုင်းတာခဲ့ပါတယ်။ Harley Street မျက်နှာအလှအပခွဲစိတ်ဆရာဝန် ဒေါက် ဂျူလီယာ ဒီ ဆေးလ်ဗာ (Julian De Silva) က နောက်ဆုံးပေါ်ကွန်ပျူတာနည်းပညာရပ်တွေကို အသုံးပြု ပြီး အချက်အလက်တွေစုဆောင်းခဲ့တာပါ။ “ရောဘတ်ပတ်တင်ဆန်ရဲ့မျက်နှာအစိတ်အပိုင်းအားလုံးကို တိုင်းတာကြည့်တဲ့အခါမှာ သူက သေချာပေါက် အနိုင် ရခဲ့သူပါ။ ဒီကွန်ပျူတာနည်းပညာအသစ်က တစ်စုံတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာလှပစေတဲ့အရာတွေနဲ့ပတ်သက်ပြီး ဆန်းကြယ်မှုတွေကို ဖြေရှင်းပေးပြီး မျက်နှာခွဲစိတ်ပြုပြင်တဲ့အခါမှာလည်း အသုံးဝင်ပါတယ်” လို့ ဒေါက်တာဂျူလီယာက ပြောပါတယ်။

ရောဘတ်ပတ်တင်ဆန်က ပုံမှန်မျက်နှာကျမျိုးမဟုတ်တဲ့အတွက် ရာခိုင်နှုန်းအပြည့်နီးပါးလောက်ဖြစ်ခဲ့ပါတယ်။ ရလဒ်အနည်းဆုံးကတော့ နည်းနည်းပါးပြီး ပြားနေတဲ့သူ့ရဲ့နှုတ်ခမ်းဖြစ်ပါတယ်။ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသား (၁၀) ဦးစာရင်းမှာ နံပါတ်တစ်နေရာကို ရရှိထားတဲ့ ရောဘတ်ပတ်တင်ဆန်ပြီးရင် နောက်ထပ် ဆယ်လီ (၉) ဦးကိုတော့ အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

(၂) စူပါမန်းဇာတ်ကောင် ဟင်နရီ ကာဗေလ် (Henry Cavill) (၉၁.၆၄) ရာခိုင်နှုန်း

(၃) ဘရက်ဒလေကူးပါး (Bradley Cooper) (၉၁.၀၈) ရာခိုင်နှုန်း

(၄) ဘရက်ပစ် (Brad Pitt) (၉၀.၅၁) ရာခိုင်နှုန်း

(၅) ဂျော့ကလူနီ (George Clooney) (၈၉.၉၁) ရာခိုင်နှုန်း

(၆) ဟုဂျက်မန်း (Hugh Jackman) (၈၉.၆၄) ရာခိုင်နှုန်း

(၇) ဒေးဗစ် ဘက်ခ်ဟမ် (David Beckham) (၈၈.၉၆) ရာခိုင်နှုန်း

(၈) အစ်ဒရစ်စ် အယ်လ်ဘာ (Idris Elba) (၈၈.၀၁) ရာခိုင်နှုန်း

(၉) ကန်ရီ ဝက်တ် (Kanye West) (၈၇.၉၄) ရာခိုင်နှုန်း

(၁၀) ရိုင်ယန်ဂေါ့စလင်း (Ryan Gosling) (၈၇.၄၈) ရာခိုင်နှုန်း

Ref: Robert Pattinson is the most handsome man in the world according to the ‘Golden Ratio’ equation devised in Ancient Greece (and Henry Cavill is a close second)

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top