အိန္ဒိယနိုင်ငံမှာ မီးဖိုချောင် ရေပိုက်လိုင်းတွေကနေ ယမကာတွေ ထွက်ကျလာ

yyl-044.jpg

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က တိုက်တန်းလျားတစ်ခုမှာ မီးဖိုချောင် ရေပိုက်လိုင်းကနေ ဘီယာ၊ ဘရန်ဒီနဲ့ ရမ်တွေ ရောနှောပါဝင်နေတဲ့ ယမကာရည်တွေ ထွက်ကျလာလို့ တိုက်တန်းလျားမှာ နေထိုင်သူတွေ အံ့အားသင့်ခဲ့ကြပါတယ်။ တိုက်တန်းလျားမှာ နေထိုင်သူတွေက အာဏာပိုင်တွေကို ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ရာမှာ သူတို့ရေတွင်းထဲ ယမကာတွေ ရောနှောပါဝင်နေတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။

မီးခိုးကြွက်လျှောက် စုံစမ်းမှုလုပ်ရာမှာတော့ တရားရုံးအမိန့်အရ သိမ်းဆည်းခဲ့ပြီး လီတာ ၆၀၀၀ ရှိတဲ့ ယမကာတွေကို ရေတွင်းနားမှာ မြှုပ်ထားတယ်လို့ သိရှိခဲ့ပါတယ်။ မြေတွင်းထဲမှာ မြှုပ်ထားတဲ့ ယမကာတွေက မြေကြီးထဲကနေ စိမ့်ထွက်ပြီး ရေတွင်းထဲသို့ စီးဝင်ခဲ့တာပါ။ ယမကာ စီးဝင်နေတဲ့ ရေတွင်းထဲက ရေတွေကို မော်တာနဲ့ စုပ်ထုတ်ပြီး ရေအသစ်မောင်းဖို့ အချိန်တစ်လလောက် ကြာမြင့်နိုင်ပါတယ်။ အဲဒီကြားကာလမှာတော့ တိုက်ခန်းမှာ နေထိုင်သူတွေက အာဏာပိုင်တွေ စေလွှတ်ပေးတဲ့ ရေကားတွေကိုပဲ အားထားရဖို့ ရှိနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top