ကမ္ဘာ့ပထမဆုံး အသံထက်မြန်တဲ့လေယာဉ်ကို စမ်းသပ်ပျံသန်းတော့မယ်

11.10.2024-yyl-6.png

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ၁ နာရီတည်းနဲ့ ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံး အသံထက်မြန်တဲ့လေယာဉ်ကို စမ်းသပ်ပျံသန်းတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အခြေစိုက် Venus Aerospace ကုမ္ပဏီရဲ့ Stargazer လေယာဉ်ဟာ ဂျက်လေယာဉ်အင်ဂျင်နဲ့ ဒုံးပျံအင်ဂျင်ကို ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး အမြန်နှုန်း Mach 9 (တစ်နာရီ ၆၉၀၅ မိုင်)အထိ ပျံသန်းနိုင်ဖို့ ဖန်တီးထားတာပါ။

လက်ရှိအချိန်မှာ ပုံစံငယ်အဆင့်ပဲ ရှိသေးပေမဲ့ အသံထက်မြန်နှုန်း အမြန်နှုန်း ပျံသန်းနေနိုင်ပြီဖြစ်ပါတယ်။ Stargazer လေယာဉ်ကို လာမယ့်နှစ်မှာ စမ်းသပ်ပျံသန်းသွားမှာဖြစ်ပေမဲ့ ခရီးသည်တင်လေယာဉ်အဖြစ် ပြေးဆွဲနိုင်ဖို့တော့ နှစ်ပေါင်းများစွာ ကြာမြင့်ဦးမှာပါ။

Ref: Hypersonic jet concept Stargazer set for first test flight
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top