ဒေးဗစ် ဘာလိုဂန်ဟာ အသက် ၉ နှစ်ပဲ ရှိသေးပေမဲ့ မကြာသေးခင်ကမှ ဟာရစ်ဘာ့ဂျ်မြို့က Reach Cyber Charter School ကနေ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ သူက အွန်လိုင်းကနေစာသင်ယူခဲ့တာလို့ သိရပါတယ်။ သူက သိပ္ပံနဲ့ ကွန်ပျူတာပရိုဂရမ်ရေးဆွဲရတာကို နှစ်သက်ပေမဲ့ ရူပနက္ခတ္တဗေဒပညာရှင်ဖြစ်ချင်ပြီး တွင်းနက်တွေနဲ့ အားကောင်းပြီးတောက်ပတဲ့ကြယ်ပေါက်ကွဲမှုတွေကို လေ့လာချင်တာပါ။
ဒေးဗစ်ရဲ့မိဘတွေက အဆင်မြင့်ဘွဲ့တွေရထားပေမဲ့ ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေးလက်ဆောင်ရထားတဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာက အတော်လေးစိန်ခေါ်မှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒေးဗစ်က သူ့ရဲ့ပညာရေးအောင်မြင်မှုအတွက် သူ့ရဲ့ဆရာ/ဆရာမတော်တော်များများကို တလေးတစားနဲ့ အသိအမှတ်ပြုခဲ့ပါတယ်။ သူ့ဆရာ/ဆရာမတွေကလည်း သူ့ကိုအထက်တန်းအောင်မြင်ဖို့ သင်ကြားပေးခဲ့တဲ့နှစ်တွေမှာ ဒေးဗစ်ဆီက သင်ယူခဲ့တဲ့အရာအနည်းငယ်ရှိခဲ့တယ်လို့ ပြောပါတယ်။ “ဒေးဗစ်က လှုံ့ဆော်အားပေးမှုဖြစ်စေတဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူက သေချာပေါက်သင်ကြားမှုနဲ့ပတ်သက်ပြီး တွေးတောပုံတွေကို ပြောင်းလဲစေတဲ့သူပါ”လို့ ဆရာကိုဒီဒါက ဆိုပါတယ်။
ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများ အဖွဲ့ဝင်ဖြစ်တဲ့ ဒေးဗစ်က အထက်တန်းအောင်မြင်ပြီးတဲ့နောက်မှာ Bucks County Community College မှာ စာသင်နှစ်တစ်ခုလည်း ပြီးမြောက်ခဲ့ပါပြီ။ ဒါပေမဲ့ သူနဲ့သူ့မိသားစုက သူ့နဲ့ကိုက်ညီမယ့် အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ရှာနေခဲ့ပါတယ်။ အခုထိတော့ ဒေးဗစ်ရဲ့အဖေက သူ့ကို ဟားဗတ်တက္ကသိုလ်မှာ တက်ခိုင်းဖို့
စဥ်းစားနေပါတယ်။
Ref: ‘I want to be an astrophysicist’: 9-year-old graduates high school
WL (ရိုးရာလေး)