200 MP ကင်မရာ ပါဝင်သည့် Galaxy S23 Ultra စမတ်ဖုန်း

6.2.2023-image-၆.jpg

Samsung Electronics Co., Ltd က 200 MP ကင်မရာ စွမ်းဆောင်ရည် ပါဝင်သည့် Galaxy S23 Ultra, Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်းများကို မိတ်ဆက်ပေးခဲ့သည်။
Galaxy S23 Series စမတ်ဖုန်များတွင် “Snapdragon® 8 Gen 2” နှင့် စွမ်းဆောင်ရည်အမြင့်မားဆုံး မိုဘိုင်း Graphics စနစ်များကိုလည်း ထည့်သွင်းပေးထားသည့်အတွက် သူမတူသော AI စွမ်းဆောင်ရည်များနှင့် ပိုမိုမြန်ဆန်ချောမွေ့သော မိုဘိုင်း ဂိမ်းကစားမှု အတွေ့အကြုံများ ရရှိစေမည် ဖြစ်သည်။

Galaxy S23 စမတ်ဖုန်းများတွင် နောက်ဆုံးပေါ် အဆင့်အမြင့်မားဆုံးသော စွမ်းဆောင်ရည်များ၊ တီထွင်ဖန်တီးမှုများအား ထည့်သွင်းပေးထားသည့် နည်းတူ ကိုယ်ထည်တည်ဆောက်မှုနှင့် ပါဝင်သည့် အစိတ်အပိုင်းများတွင်လည်း သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရန်ဟူသော Samsung ၏ ရည်သန်ချက်နှင့်အညီ ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်း အများစုနှင့် စွဲမက်ဖွယ်ရာ ဖန်တီး ထုတ်လုပ်ထားသည်။

Galaxy S23 Series စမတ်ဖုန်းများကို ကြိုတင်မှာယူလိုသူများအနေဖြင့်
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာရင်းကောက်ခံပေးသွားမည်ဖြစ်ပြီး အဆိုပါကာလအတွင်း memory / storage အဆင့်မြှင့်တင်ပေးသွားခြင်းနှင့်အတူ များပြားလှသော အထူး လက်ဆောင်များ ရရှိနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top