ကျောင်းစောင့်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ မူလတန်းကျောင်းမှာပဲ ကျောင်းအုပ်ဖြစ်လာခဲ့သူ

2-9-2022-yyl-01.jpg

ကယ်လီဖိုးနီးယားပြည်နယ်က မူလတန်းကျောင်းတစ်ကျောင်းကတော့ ကျောင်းနဲ့ပတ်သက်ပြီးတော့ရော စာသင်ကြားမှုမှာပါ အတွေ့အကြုံရှိတဲ့ ကျောင်းအုပ်အသစ်တစ်ဦးရှိနေပါပြီ။ အဲဒီကျောင်းအုပ်အသစ်က ဒီမူလတန်းကျောင်းမှာပဲ ကျောင်းစောင့်လုပ်ခဲ့ဖူးပါတယ်။ သူကတော့ ကျောင်းအုပ် မိုက်ခ် ဟက်စ်ပါ။

အရင်က သူဟာ lone မူလတန်းကျောင်းက ကျောင်းသားတစ်ယောက်ပါပဲ။ ကျောင်းဆက်မတက်ဘဲ အလုပ်တစ်ခုရချင်ခဲ့တာကြောင့်၊ ဇနီးဖြစ်သူကိုလည်း ကောလိပ်တက်ဖို့ ကူညီပေးချင်တာကြောင့် အဲဒီကျောင်းမှာ ကျောင်းစောင့်အဖြစ် လုပ်ကိုင်ခဲ့တာပါ။ ကျောင်းက အစောင့်လိုတာကို မိုက်ခ် သိခဲ့ရပြီးတဲ့နောက်မှာ သူလုပ်မယ်လို့ ပြောခဲ့တာပါ။ ဒီအလုပ်ကို ဆယ်စုနှစ်တစ်ခုကျော်လောက် လုပ်ခဲ့ပါတယ်။

ကျောင်းသား/သူတွေက သူ့ကို ခင်တွယ်ကြတာကြောင့် စာဆက်လက်သင်ကြားပြီး ဆရာတစ်ယောက်လုပ်ဖို့ ဆရာတွေက တိုက်တွန်းခဲ့ပါတယ်။ သူ့သားမက်သရူး အသက် ၃ နှစ်အရွယ်ရောက်တော့ မိုက်ခ်က ဘွဲ့တစ်ခုရအောင် ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ ဘွဲ့ရပြီးတာနဲ့ ကျောင်းမှာ ဆရာအဖြစ် စာသင်ကြားပေးဖို့ ငှားရမ်းခံခဲ့ရပါတယ်။

ဆယ်စုနှစ် (၂) ခုနီးပါး စာသင်ကြားပေးပြီးနောက် အခုနှစ်မှာ မိုက်ခ်က lone မူလတန်းကျောင်းရဲ့ကျောင်းအုပ်အဖြစ် ကမ်းလှမ်းခံခဲ့ရပါတယ်။ သူက လူတိုင်းရဲ့အားပေးပံ့ပိုးမှုကို ရရှိထားတာကြောင့် ဒီအလုပ်ကို လုပ်နိုင်တယ်။ သူတို့အတွက် နေ့တိုင်း အကောင်းဆုံးကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။

Ref: People “Man Becomes Principal at Elementary School Where He Once Worked as a Janitor: ‘I Am Blessed”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top