အွန်လိုင်းက​နေ စာသင်ပြီး အထက်တန်းအောင်မြင်ခဲ့တဲ့ ၉ နှစ်သားလေး

6.2.2023-image-7.jpg

​ဒေးဗစ် ဘာလိုဂန်ဟာ အသက် ၉ နှစ်ပဲ ရှိသေးပေမဲ့ မကြာသေးခင်ကမှ ဟာရစ်ဘာ့ဂျ်မြို့က Reach Cyber Charter School ကနေ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ သူက အွန်လိုင်းက​နေစာသင်ယူခဲ့တာလို့ သိရပါတယ်။ သူက သိပ္ပံနဲ့ ကွန်ပျူတာပရိုဂရမ်ရေးဆွဲရတာကို နှစ်သက်ပေမဲ့ ရူပနက္ခတ္တဗေဒပညာရှင်ဖြစ်ချင်ပြီး တွင်းနက်တွေနဲ့ အားကောင်းပြီးတောက်ပတဲ့ကြယ်ပေါက်ကွဲမှုတွေကို လေ့လာချင်တာပါ။

ဒေးဗစ်ရဲ့မိဘတွေက အဆင်မြင့်ဘွဲ့တွေရထားပေမဲ့ ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေးလက်ဆောင်ရထားတဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာက အတော်လေးစိန်ခေါ်မှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒေးဗစ်က သူ့ရဲ့ပညာ​ရေးအောင်မြင်မှုအတွက် သူ့ရဲ့ဆရာ/ဆရာမတော်တော်များများကို တလေးတစားနဲ့ အသိအမှတ်ပြုခဲ့ပါတယ်။ သူ့ဆရာ/ဆရာမတွေကလည်း သူ့ကိုအထက်တန်းအောင်မြင်ဖို့ သင်ကြားပေးခဲ့တဲ့နှစ်တွေမှာ ဒေးဗစ်ဆီက သင်ယူခဲ့တဲ့အရာအနည်းငယ်ရှိခဲ့တယ်လို့ ပြောပါတယ်။ “ဒေးဗစ်က လှုံ့​ဆော်အားပေးမှုဖြစ်စေတဲ့ကလေးတစ်ယောက်ဖြစ်ပြီး ​သူက သေချာပေါက်သင်ကြားမှုနဲ့ပတ်သက်ပြီး တွေးတောပုံတွေကို ပြောင်းလဲစေတဲ့သူပါ”လို့ ဆရာကိုဒီဒါက ဆိုပါတယ်။

ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများ အဖွဲ့ဝင်ဖြစ်တဲ့ ဒေးဗစ်က အထက်တန်း​အောင်မြင်ပြီးတဲ့နောက်မှာ ​Bucks County Community College မှာ စာသင်နှစ်တစ်ခုလည်း ပြီးမြောက်ခဲ့ပါပြီ။ ဒါပေမဲ့ သူနဲ့သူ့မိသားစုက သူ့နဲ့ကိုက်ညီမယ့် အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ရှာနေခဲ့ပါတယ်။ အခုထိတော့ ဒေးဗစ်ရဲ့အဖေက သူ့ကို ဟားဗတ်တက္ကသိုလ်မှာ တက်ခိုင်းဖို့
စဥ်းစားနေပါတယ်။

Ref: ‘I want to be an astrophysicist’: 9-year-old graduates high school

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top