ကျန်းမာရေး ထိခိုက်စေတဲ့ ထုတ်ကုန်များကို တွေ့ရှိပါက FDA သို့ တိုင်ကြားနိုင်

22-6-2020-yyl-012.jpg

ပြည်သူတွေအနေနဲ့ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ ကျန်းမာရေးထိခိုက်စေတဲ့ အစားအသောက်၊ ဆေးဝါး၊ အလှကုန် နဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချတာကို တွေ့ရှိပါက တိုင်ကြားနိုင်တယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထုတ်ပြန်လိုက်ပါတယ်။

သတင်းပေးပို့တိုင်ကြားလိုသူများအနေနဲ့ နေပြည်တော် FDA ရုံးချုပ်ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/myanmarfda/ မှ တစ်ဆင့်တိုင်ကြားနိုင်ပါတယ်။

FDA အနေနဲ့ ပြည်သူတွေ သတင်းပေးပို့တိုင်ကြားချက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Cherry ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top