အင်တာနက်သုံးစွဲမှုဆိုင်ရာအသိပညာပိုမိုတိုးပွားလာစေရန် ဒီဂျစ်တယ်ဗဟုသုတတိုးပွားရေးသင်တန်းများကို Ooredoo ကပို့ချပေး

Ooredoo-Internet1O1Training-3.jpg

အူရီဒူးမြန်မာ (Ooredoo Myanmar) သည် “ဒီဂျစ်တယ်ဘဝပြည့်စုံဖို့အင်တာနက်ဖြင့်လေ့လာစို့” လူမှုအကျိုးပြုစီမံကိန်း၏ ပထမခြေလှမ်းအဖြစ် ဒီဂျစ်တယ်ဗဟုသုတတိုးပွားရေးအစီအစဉ်“Internet 1O1” (Internet One on One) ကို Facebook၊ GSMA တို့နှင့်အတူ ပူးပေါင်းကာ စတင်အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လူမှုအကျိုးပြုစီမံကိန်းသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူများ အတွက်ရည်ရွယ်ပြီး အင်တာနက်အသုံးပြုမှုဆိုင်ရာအကျိုးကျေးဇူးများ၊ အင်တာနက် အသုံးပြုရာတွင် ကြုံတွေ့နိုင်သည့်အန္တရာယ်များနှင့် ဘေးကင်းလုံခြုံမှုရှိစွာ၊ တာဝန်ယူလိုစိတ်ရှိစွာ အသုံးပြုမှုဆိုင်ရာအသိပညာကို မျှဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ “Internet1O1” (Internet One on One) အစီအစဉ် ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ (၁၅) ရက်တွင် စတင်ခဲ့ကာ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မကွေး တို့အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့များ၏ မြို့စွန်ဒေသများရှိ အူရီဒူးအမှတ်တံဆိပ် အရောင်းဆိုင်များ နှင့် လက်လီဆိုင်များတွင် မျှဝေပေးလျက်ရှိပါသည်။ သင်တန်းပို့ချပေးခြင်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ၏ ဒီဂျစ်တယ်ဗဟုသုတများ တိုးပွားလာစေရေး၊ မှားယွင်းသည့်သတင်းအချက်အလက် များနှင့် ဆိုရှယ်မီဒီယာကဏ္ဍအပါအဝင် အင်တာနက်ပေါ်တွင် တရားမဝင်လုပ်ရပ်များ၏ အန္တရာယ်မှကာကွယ်ရေးတို့ဖြစ်ပါသည်။ ထို့ကြောင့် အူရီဒူးမြန်မာ သည် အဆိုပါအစီအစဉ်ကို ၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိ ဆက်လက်ပံ့ပိုးသွားမည်ဟုဆိုထားပါသည်။

ဒီဂျစ်တယ်ဗဟုသုတတိုးပွားရေးအစီအစဉ်“Internet 1O1” ကို အူရီဒူးဆင်းကတ်ရှိသူတိုင်းတက်ရောက်နိုင်ပြီး သင်တန်းသို့ လူကိုယ်တိုင်မတက်ရောက်နိုင် သူများသည်လည်း အူရီဒူးဝက်ဘ်ဆိုက်တွင် ဖော်ပြပါ (၄) မိနစ်စာ အွန်လိုင်းဗီဒီယိုလင့် https://ooredoo.com.mm/portal/en/digitalliteracy မှတစ်ဆင့် လေ့လာနိုင်မည်ဟု သိရပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top