ဘွဲ့ရပြီးနောက်မှာ ဖခင်ဖြစ်သူက သူ့သမီးကို ကားတစ်စီးပေးတယ်။ ” ဒီကားကို ဝယ်ထားတာတော့ တော်တော်ကြာနေပြီ သမီးရေ။ ဒါ သမီးအတွက်ပဲ။ ကားပွဲစားတွေဆီ သွားပြပြီး ဒီကားဈေးကို စုံစမ်းချေ” လို့ သူ့အဖေက ပြောလိုက်တယ်။
ကားအိုကားဟောင်းကြီးဆိုတော့ ကားပွဲစားတွေက ဒေါ်လာ ၁၀၀ ပဲပေးမယ်လို့ ပြောတယ်။ နောက်ပွဲစားတစ်ယောက်ကို သွားပြတော့လည်း ကားက အရမ်းဟောင်းနေပြီ၊ မောင်းလို့ရအောင် တော်တော်ပြင်ရဦးမှာဆိုတော့ ဒေါ်လာ ၁၀၀ ပဲပေးမယ်လို့ ပြောပြန်တယ်။
သမီးက သူ့အဖေကို ဒီအကြောင်း ပြန်ပြောပြတော့ ကျွမ်းကျင်ပညာရှင်တွေဆီ သွားပြချေလို့ ထပ်လွှတ်လိုက်တယ်။ ” ဒီလို ရှေးဟောင်းကားမျိုးရဖို့ ခက်ခဲသွားပြီ။ တကယ့်ကို ရှားပါးတဲ့ကားပဲ။ ကားကလည်း အလတ်ကြီး ရှိသေးတယ်ဆိုတော့ ဒေါ်လာ ၁ သိန်း ပေးမယ်”လို့ ဆိုကြတယ်။
သမီးဖြစ်သူ ပြန်လာတော့ သူ့အဖေက ဒီလိုပြောတယ်။ ” ကိုယ် ရှိသင့်ရှိထိုက်တဲ့ နေရာမှန်မဟုတ်ရင် ကိုယ့်တန်ဖိုးကို သိကြမှာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုယ် တန်ဖိုးမထားကြတဲ့အခါ ဒေါသမထွက်ပါနဲ့။ ဒီနေရာက ကိုယ့်ရဲ့နေရာမှန် မဟုတ်ဘူးလို့ပဲ တွေးလိုက်ပါ။ ကိုယ့်တန်ဖိုး မသိတဲ့နေရာမျိုးမှာ မနေပါနဲ့ သမီး”
သင်ခန်းစာ။ ။ တန်ဖိုးမသိတဲ့လူတွေကြောင့် ကိုယ့်တန်ဖိုးကို ပွန်းပဲ့မခံပါနဲ့။
Ref:If You’re Not Valued, You’re in the Wrong Place
NZ (ရိုးရာလေး)