၇၄ နှစ်ကျော်ကြာ စစ်တပ်မရှိတဲ့ ကော်စတာရီကာနိုင်ငံ

22.2.2023-image-2.jpg

ကော်စတာရီကာနိုင်ငံမှာ စစ်တပ်မရှိတာ ၇၄ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ပြည်တွင်းစစ်အပြီး အာဏာရလာတဲ့ သမ္မတ ဟိုဆေးဖစ်ဂါရက်စ်ဖာရာက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး စစ်တန်းလျားတွေကို ကော်စတာရီကာတက္ကသိုလ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

စစ်တပ်အသုံးစရိတ်ကို ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ အမျိုးသားရေးနဲ့ ယဉ်ကျေးမှုထိန်းသိမ်းရေး ကဏ္ဍတွေအတွက် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ဗဟိုအမေရိက အလယ်ပိုင်းမှာရှိတဲ့ ကော်စတာရီကာနိုင်ငံဟာ နိုင်ငံရေးနဲ့ စီးပွားရေး အတည်ငြိမ်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ချမ်းသာကြွယ်ဝပါတယ်။ လွတ်လပ်စွာ စီးပွားရေးလုပ်နိုင်တဲ့ အညွှန်းကိန်းအရ ကမ္ဘာ့အဆင့် ၅၅ ရှိပြီး ဒေသတွင်း ၃၂ နိုင်ငံအနက် အဆင့် ၁၀ ချိတ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၁ ရက်နေ့ရောက်ရင် အမျိုးသားပြတိုက်ရှေ့မှာ စစ်တပ်ဖျက်သိမ်းရေး နှစ်ပတ်လည်နေ့ အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။

Ref: Costa Rica celebrates 74 years without an army

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top