ကလေးတွေရဲ့မွေးရက်ကို ထီထိုးခဲ့လို့ ထီဆုကြီးပေါက်ခဲ့တဲ့ အမျိုးသမီး သူ့ရဲ့သရုပ်မှန်ကို မထုတ်ပြခဲ့

15.3.24-yyl-2.jpg

အီလီနွိုက်ပြည်နယ်က မိခင်တစ်ဦးဟာ သူ့ကလေးတွေရဲ့မွေးရက်ကို ထီနံပါတ်တွေအဖြစ် ထီထိုးခဲ့လို့ ထီဆုကြီးပေါက်ခဲ့ပါတယ်။ သူဟာ Lucky Day Lotto ဆိုတဲ့ ထီကို ထိုးခဲ့ပြီးနောက် ဒေါ်လာ ၁.၄ သန်းဆု ပေါက်ခဲ့တာပါ။ သူ ထီပေါက်တယ်ဆိုတာကို သူ့ကလေးလန့်နိုးပြီး ငိုနေလို့ ပြန်သိပ်ခဲ့ရတာကြောင့် သူ အိပ်မရလို့ ဖုန်းကို ယူပြီး Lottery App ကို ဖွင့်ကြည့်လိုက်မှ သိခဲ့ရတာပါ။ သူ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။

သူ ထီပေါက်တော့ သူ့ခင်ပွန်းကို ကလေးတွေရဲ့မွေးနေ့ရက်စွဲက ထီပေါက်အောင် ကူညီပေးခဲ့တယ်ဆိုတာ ပြောပြဖြစ်ခဲ့ပါတယ်။ မတ်လ ၆ ရက်နေ့ ညနေခင်း Lucky Day Lotto ထီထွက်တဲ့နေ့က သူ့ရဲ့ပေါက်မဲနံပါတ်တွေက ၆-၈-၁၆-၁၇-၂၀ ပါ။ သူ့ဆုငွေကို သွားထုတ်တဲ့အချိန် သူ့ရဲ့သရုပ်မှန်ကို လျှို့ဝှက်ထားချင်ခဲ့တာပါ။ ဒါကြောင့် ထီကံထူးရှင်ကို ဓာတ်ပုံရိုက်တဲ့အချိန် သူ့ရဲ့မျက်နှာကို ထီကတ်ထူပြားကြီးနဲ့ကွယ်ထားခဲ့ပါတယ်။ ကတ်ထူပြားထဲက နာမည်နေရာမှာလည်း “Lucky Mom” လို့ပဲ ဖော်ပြစေခဲ့ပါတယ်။

အမည်မဖော်လိုသူ အဲ့ဒီအမျိုးသမီးက သူ့ရဲ့ကံကောင်းတဲ့နံပါတ်တွေအဖြစ် သူ့ကလေးတွေရဲ့မွေးနေ့ရက်စွဲကို အမြဲရွေးချယ်ကာ Lucky Day Lotto ထီကို ကံစမ်းလေ့ရှိခဲ့တာပါ။

Ref: Illinois Mom Wins $1.4M Lottery Jackpot Using Kids’ Birthdays as Numbers: ‘Absolutely Wackadoodle!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top