အလွန်ရှားပါးတဲ့ ကျောဘို့ဝေလငါးသားအမိကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ ၂၀၂၆ ခုနှစ် သဘာဝဓာတ်ပုံပြိုင်ပွဲမှာ ထိပ်တန်းဆု ဆွတ်ခူးခဲ့ပါတယ်။
ကျောဘို့ဝေလငါးတွေထဲမှာ အယ်ဘီနို(ရောင်ခြယ်ထုတ်လုပ်မှုမရှိခြင်း)ဖြစ်စဉ်ဟာ အကောင်ရေ ၄၀၀၀၀ မှာ တစ်ကောင်သာ ဖြစ်လေ့ရှိတာကြောင့် အလွန်ရှားပါးပါတယ်။
အယ်ဘီနိုဖြစ်နေတဲ့ ကျောဘို့ဝေလငါးနဲ့ မိခင်ဝေလငါးတို့ရဲ့ ဓာတ်ပုံကို သြစတြေးလျဓာတ်ပုံဆရာ ဂျိုနိုအယ်လန်က ရိုက်ကူးခဲ့တာဖြစ်ပြီး သဘာဝဓာတ်ပုံပြိုင်ပွဲမှာ ဆုရခဲ့တာကြောင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ ရရှိခဲ့ပါတယ်။
ယူဂန်ဒါနိုင်ငံ ဘီဝင်ဒီတောအုပ်ထဲမှာ လိပ်ပြာတစ်ကောင်ကို စူးစမ်းကြည့်ရှုနေတဲ့ တောင်ပေါ်ဂေါ်ရီလာအမတစ်ကောင်ရဲ့ ဓာတ်ပုံဟာလည်း သဘာဝဓာတ်ပုံပြိုင်ပွဲမှာ ဆုရခဲ့ပါတယ်။

နမီးဘီးယားနိုင်ငံရဲ့ နာမစ်သဲကန္တာရထဲမှာ နာမာကွာပုတ်သင်ညိုတစ်ကောင် သဲမုန်တိုင်းကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ ဓာတ်ပုံကလည်း ဆုရစာရင်းဝင်ခဲ့ပါတယ်။

Ref: Image of ultra-rare white whale scoops top prize at World Nature Photography Awards
NZ (ရိုးရာလေး)

