ပကတိအတိုင်းရှိနေသေးတဲ့ မိုးသစ်တော ဆုံးရှုံးမှုအများဆုံးနိုင်ငံတွေစာရင်းမှာ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ ဒုတိယရပ်တည်

intl5606.jpg

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံဟာ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ပကတိအတိုင်း တည်ရှိနေတဲ့ မိုးသစ်တော ဆုံးရှုံးမှု အများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံက မိုးသစ်တော ဟက်တာဧက ၄၇၅၀၀၀ အထိ ဆုံးရှုံးခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ သစ်တောစောင့်ကြည့်ရေးအဖွဲ့(Global Forest Watch)ရဲ့ ဖော်ပြချက်အရ ဘရာဇီးနိုင်ငံရဲ့ အမေဇုန်မိုးသစ်တောမှာ သစ်တောဆုံးရှုံးမှု ဟက်တာဧက တစ်သန်းကျော်ရှိတယ်လို့ သိရပါတယ်။

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံရဲ့ သစ်တောဆုံးရှုံးမှုအများစုဟာ ဒေသခံတွေ စားနပ်ရိက္ခာ စိုက်ပျိုးတဲ့ နေရာတွေမှာ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ သစ်တောဆုံးရှုံးမှုတချို့ကတော့ စီးပွားဖြစ် သစ်ခုတ်မှု၊ မိုင်းတူးဖော်မှု၊ ဆီအုန်းစိုက်ပျိုးမှုတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကွန်ဂိုချိုင့်ဝှမ်းမှာ ပကတိအတိုင်း တည်ရှိတဲ့ မိုးသစ်တောတွေ ရှိပါတယ်။ သက်တမ်းအလွန်ရင့်တဲ့ သစ်ပင်တွေဟာ ကာဗွန်ပမာဏ အများအပြား စုပ်ယူပေးနိုင်လို့ အဲဒီသစ်ပင်တွေကို မီးရှို့လိုက်ရင် လေထုထဲကို ကာဗွန်အများအပြား ပြန်လည်ထုတ်လွှတ်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top