ဖခင်ဖြစ်သူ ချားလ်ဘုရင်ရဲ့ ၇၅ နှစ် ပြည့်မွေးနေ့ပါတီကို ဖိတ်ကြားမခံရဘူးဆိုတဲ့ ဟယ်ရီမင်းသား

7.11.23-yyl-9.jpg

ချားလ်ဘုရင်ဟာ ၇၅ နှစ်ပြည့်မွေးနေ့ကို နောက်အပတ်ကျ Clarence House မှာ ဆင်နွှဲမှာဖြစ်ပေမဲ့ သူ့ရဲ့အငယ်ဆုံးသားကတော့ သူတို့မိသားစုနေထိုင်ရာ ကယ်လီးဖိုးနီးယားကနေ လာရောက်မှာမဟုတ်ဘူးလို့ The Sunday Times က သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ ဟယ်ရီမင်းသားရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဟယ်ရီမင်းသား ဖိတ်ကြားမခံရဘူးလို့ ဆိုပါတယ်။

“ဒီသတင်းဌာနရဲ့ထုတ်ပြန်မှုကို တုံ့ပြန်ပြောဆိုရရင် ချားလ်ဘုရင်ရဲ့လာမယ့်မွေးနေ့အတွက် ဖိတ်ကြားမှုနဲ့ပတ်သက်ပြီး အဆက်အသွယ်မရခဲ့ပါဘူး။ The Sunday Times က ဒီသတင်းကို မှားယွင်းဖော်ပြခဲ့တဲ့အတွက် စိတ်ပျက်စရာကောင်းပါတယ်”လို့ ဟယ်ရီမင်းသားရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုနှစ်အစောပိုင်းက ကိုယ်တွေ့မှတ်တမ်းစာအုပ် Spare ထွက်ရှိပြီးကတည်းက ဟယ်ရီမင်းသားနဲ့ သူ့ရဲ့မိသားစုကြား တင်းမာမှုတွေပြင်းထန်လာခဲ့တာပါ။ ဒါပေမဲ့ မေလကတော့ ဟယ်ရီမင်းသားက ဇနီးဖြစ်သူမပါဘဲ ဖခင်ဖြစ်သူရဲ့နန်းတက်ပွဲတက်ရောက်ဖို့ ဗြိတိန်ကို လာခဲ့ပါတယ်။

ဇနီးဖြစ်သူ မီဂန် မာကယ်က နန်းတတ်ပွဲနဲ့တစ်ရက်တည်းကျရောက်တဲ့ သားဖြစ်သူမွေးနေ့ပွဲကြောင့် လိုက်မလာဖြစ်ခဲ့ပါဘူး။ ဟယ်ရီမင်းသားက နန်းတတ်ပွဲအခမ်းအနားအပြီးမကြာခင်မှာပဲ ကယ်လီဖိုးနီးယားကို ပြန်သွားခဲ့တာပါ။နန်းတက်ပွဲတုန်းကလည်း တော်ဝင်ပွဲအကြောင်း Email ကို ဖခင်ဖြစ်သူဆီက တိုက်ရိုက်ရခဲ့တာမဟုတ်ဘူးလို့ ဟယ်ရီမင်းသားရဲ့အရင်းနှီးဆုံးသူငယ်ချင်းက ဆိုထားပါတယ်။

Ref: Prince Harry Has Not Received Invite to Dad King Charles’ 75th Birthday Party Despite Reports He Declined

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top