ဇင်ဘာဘွေနိုင်ငံမှာ ဗာဒိုမာလို့ ခေါ်တဲ့ မျိုးနွယ်စုတစ်စု ရှိပါတယ်။ သူတို့ဟာ Ectrodactyly ဆိုတဲ့ မျိုးဗီဇ ချို့ယွင်းမှုကြောင့် အလယ်က ခြေချောင်း ၃ ချောင်းမပါဘဲ အစွန်ဘက် ခြေချောင်း ၂ ချောင်းနဲ့ပဲ မွေးဖွားလာကြတာပါ။ ဒါကြောင့် ဗာဒိုမာမျိုးနွယ်စုကို ခြေနှစ်ချောင်း (သို့) ကြက်ဆင်ခြေထောက်မျိုးနွယ်စုလို့လည်း ခေါ်ကြပါတယ်။
ဗာဒိုမာမျိုးနွယ်စုတွေကတော့ သူတို့ရဲ့အခြေအနေကို ချို့ယွင်းမှုတစ်ခုလို့ မမြင်ကြပါဘူး။ သစ်ပင်တက်ဖို့၊ အစားအစာရှာဖွေဖို့ လွယ်ကူအောင် ဖန်ဆင်းပေးထားတယ်လို့ ယူဆကြပါတယ်။ အတွင်းဘက်ကို ပြန်ကွေးနေတဲ့ ခြေချောင်း ၂ ချောင်းကြောင့် သူတို့က သစ်ပင်တက်ရာမှာ တစ်ပန်းပိုသာကြပါတယ်။
မျိုးနွယ်စု စည်းမျဉ်းအရ တခြားမျိုးနွယ်တွေကို အိမ်ထောင်မပြုဖို့ တားမြစ်ထားပြီး သူတို့မျိုးနွယ်စုချင်းသာ ယူကြလို့ မျိုးဗီဇ ချွတ်ယွင်းမှုက သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာခဲ့တာပါ။
Team (ရိုးရာလေး)