ဂရမ်မီဆု (၃) ဆုကို ဆွတ်ခူးခဲ့တဲ့ လူငယ်အဆိုတော် အိုလီဗီယာ ရိုဒရီဂို

4-4-2022-yyl-16.jpg

ဧပြီ ၃ ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ၆၄ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ အသက် ၁၉ နှစ်အရွယ် အဆိုတော်၊ သရုပ်ဆောင်မင်းသမီး အိုလီဗီယာ ရိုဒရီဂို (Olivia Rodrigo) ဟာ Best New Artist၊ Best Solo Performance၊ Best Pop Vocal Album တွေအတွက် ဂရမ်မီဆုတွေရရှိခဲ့ပါတယ်။

Billboard Hot 100 ဇယားမှာ နံပါတ် ၁ ဖြစ်နေတဲ့ ပွဲဉီးထွက်အယ်လ်ဘမ် “Sour” ကို ထွက်ရှိထားတဲ့ အိုလီဗီယာက Record of the Year ဆုအပါအဝင် ဆု (၇) ခုမှာ ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။ သူက ရေပန်းစားတဲ့ မျက်နှာသစ်အဆိုရှင်များစွာကို ကျော်ဖြတ်ပြီး ဂရမ်မီဆုတွေကိုရရှိသွားခဲ့ပါတယ်။

ပထမဆုံးဂရမ်မီဆုမရရှိခင် “Best Pop Solo Performance” ဆုရရှိစေခဲ့တဲ့ သူ့ရဲ့နာမည်ကြီးသီချင်း “Driver’s License” ကို ဂရမ်မီဆုပေးပွဲစင်မြင့်ထက်မှာ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးဂရမ်မီဆုကို ကြေညာပြီးချီးမြှင့်ပေးခဲ့တာက အဆိုတော်တွေဖြစ်တဲ့ ဒူအာ လီပါ (Dua Lipa) နဲ့ မီဂန် သီစတာလီယံ (Megan Thee Stallion) တို့ပါ။ အိုလီဗီယာက ဆုလက်ခံပြီးတဲ့နောက်မှာ သူ့နဲ့အတူ ပူးပေါင်းတင်ဆက်ပေးသူတွေ၊ ပရိသတ်တွေနဲ့ မိသားစုတွေကို ကျေးဇူးတင်ရင်း ဂရမ်မီဆုရရှိတာက အကြီးမားဆုံးအိပ်မက် အမှန်တကယ်ဖြစ်လာခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ခံစားချက်ပေါင်းစုံဖော်ပြထားတဲ့ သီချင်းစာသားတွေက TikTok မှာ ရေပန်းစားခဲ့တာတွေကြောင့်၊ သူ့နဲ့ ဒစ္စနေးကြယ်ပွင့် ဂျိုရူအာ ဘာဆက်တ် (Joshua Bassett) တို့ရဲ့ဆက်ဆံရေးကြောင့် သူ့ရဲ့အယ်လ်ဘမ်က အခုလိုအောင်မြင်လာခဲ့တာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref: CBSNews “Olivia Rodrigo wins Best New Artist”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top