တစ်နှစ်တာအထင်ကရ အဖြစ်ဆုံးသစ်ပင်အဖြစ် ရွေးချယ်ခံရတဲ့ လမ်းလျှောက်သစ်ပင်

16.6.2024-yyl-1.jpg

လမ်းလျှောက်နေတဲ့ ပုံသဏ္ဍာန်ကြောင့် လမ်းလျှောက်သစ်ပင်လို့ ချစ်စနိုးခေါ်ကြတဲ့ မြောက်ပိုင်းရာတာမျိုးနွယ်ဝင် သစ်ပင်ကြီးဟာ ၂၀၂၄ ခုနှစ်အတွက် နယူးဇီလန်နိုင်ငံရဲ့ တစ်နှစ်တာအထင်ကရ အဖြစ်ဆုံးသစ်ပင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နယူးဇီလန်နိုင်ငံ တောင်ကျွန်းသုဿန်အနီးမှာ တည်ရှိတဲ့ ဒီသစ်ပင်ကြီးဟာ ပင်စည်နှစ်ခွဖြစ်နေပြီး လူတစ်ယောက် ခြေလှမ်းနေတဲ့ပုံသဏ္ဍာန်ဖြစ်နေတာပါ။

နယူးဇီလန်နိုင်ငံရဲ့ သစ်ပင်များစာရင်းမှာ ထည့်သွင်းခံထားရပြီးဖြစ်တဲ့ ဒီသစ်ပင်ကြီးဟာ နောက်ဆုံး ဆန်ကာတင် သစ်ပင် ၆ ပင်အနက် ၄၂ ရာခိုင်နှုန်းအထိ မဲရခဲ့တာပါ။ မြောက်ပိုင်းရာတာမျိုးနွယ်ဝင် သစ်ပင်တွေဟာ နှစ်ပေါင်း ၁၀၀၀ အထိ ရှင်သန်နိုင်ပြီး နယူးဇီလန်နိုင်ငံမှာ ပန်းပွင့်တဲ့အပင်တွေအနက် အမြင့်ဆုံးအပင်တစ်မျိုး ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းမှာ သစ်ပင်တွေရဲ့ အခန်းကဏ္ဍကို လူတွေ ပိုသတိထားမိလာစေဖို့၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် မျိုးဆက် ၃ ခုလုံးနဲ့ သက်ဆိုင်နေကြောင်း မီးမောင်းထိုးပြချင်တာကြောင့် အခုလို နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာအထင်ကရသစ်ပင်ရွေးချယ်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။

Ref: Incredible ‘Walking Tree’ is Named New Zealand’s 2024 Tree of the Year

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top