တရုတ်လူဆိုးဂိုဏ်းဝင် ၃၃ ဦးကို အီတလီရဲတပ်ဖွဲ့ စီးနင်းဖမ်းဆီး

yyl-intl-01-01.jpg

တရုတ် လူဆိုးဂိုဏ်းဝင်လို့ သံသယရှိသူ ၃၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့ အီတလီရဲတွေက ပြောပါတယ်။ တရုတ်နိုင်ငံက ဒါမှမဟုတ် အီတလီနိုင်ငံ အခြေစိုက် တရုတ်လူမျိုးတွေ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဥရောပ တစ်ဝှမ်း သယ်ယူပို့ဆောင်ရာမှာ ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခံရတဲ့ လူဆိုးဂိုဏ်းအုပ်စုကို ပစ်မှတ်ထားပြီး အီတလီရဲတပ်ဖွဲ့က စီးနင်းခဲ့တာဖြစ်ပါတယ်။

တရုတ် လူဆိုးဂိုဏ်းကို ဖမ်းဆီးရေးနဲ့ ပတ်သက်လို့ ”China Truck” စစ်ဆင်ရေးလို့အမည်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တည်းက စတင်ခဲ့တဲ့ စုံစမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ဖမ်ဆီးခံရသူတွေဟာ ရာဇာဝတ်ဂိုဏ်းတွေနဲ့ ဆက်နွယ်မှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရပြီး ဖမ်းဆီးခဲ့တဲ့ သူတွေထဲကမှ ၂၁ ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ အီတလီ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါ ဖမ်ဆီးခံရတဲ့ တရုတ် လူဆိုးဂိုဏ်း ဟာ အီတလီနိုင်ငံ တက်စ်ကန်နီဒေက ပရာတိုမြို့မှာ လုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့ပြီး အီတလီ နိုင်ငံမြို့တော် ရောမအပြင် ဖလောရင့်မြို့၊ မီလန်မြို့၊ ပါဒူအာနဲ့ ပီဆာမြို့တွေအထိ ဩဇာလွမ်းမိုးမှုတွေကို တိုးချဲ့နိုင်ခဲ့တယ်လို့ အီတလီရဲတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်လူဆိုးဂိုဏ်းအုပ်စုဟာ ပြည့်တန်ဆာလုပ်ငန်းအပြင် မူးယစ်ဆေးဝါးမှောင်ခိုမှုတွေကို တရားမဝင် လုပ်ကိုင်ခဲ့ပြီး ပြင်သစ်နဲ့ စပိန်တို့မှာလည်း ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Ref: BBC News: Italy arrests 33 ‘Chinese mafia’ members

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top