အခွံနွှာပြီးစားခံလိုက်ရတဲ့ အနုပညာပြခန်းက အမေရိကန်ဒေါ်လာ (၁၂၀,၀၀၀) တန် တိပ်ကပ်ငှက်ပျောသီး

yyl-025-4.jpg

အရင်က ရိုးရာလေးစာဖတ်ပရိသတ်တွေကို အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ နဲ့ ရောင်းထွက်ခဲ့တဲ့ နံရံတစ်ခုမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီးဖန်တီးမှု လက်ရာအကြောင်းကို ဖော်ပြပေးခဲ့ဖူးပါတယ်နော်။ အခုတော့ အဲဒီငှက်ပျောသီးကို လူနောက်အနုပညာရှင်တစ်ဦးက ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူက လူအုပ်ကြီးရှေ့မှာ မော်ရီဇီယို ကတ်တီလန်ရဲ့ အနုပညာလက်ရာက ငှက်ပျောသီးကို အခွံနွာပြီးစားပြခဲ့တဲ့အတွက် အနုပညာပြပွဲမှာ အုတ်အောင်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က အနုပညာပြပွဲရဲ့ ဒုတိယရက် နောက်ဆုံးနေ့မှာ ဖြစ်သွားခဲ့တာပါ။ လူနောက်အနုပညာရှင် ဒေးဗစ် ဒတ်တူနာ (David Datuna) က နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီးကို အခွံနွှာပြီး စားခဲ့တဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ Hungry Artist လို့တောင် အမည်ပေးပြီး “ကျွန်တော်ရဲ့ အနုပညာဖျော်ဖြေ တင်ဆက်မှု၊ ကျွန်တော် မော်ရီဇီယို ကတ်တီလန်ရဲ့ အနုပညာလက်ရာတွေကို ကြိုက်နှစ်သက်ပါတယ် တကယ်ကို ဒီဖန်တီးမှုကို ကြိုက်ပါတယ်။ အရမ်းအရသာရှိတာပဲ” ဆိုတဲ့စာသားနဲ့ သူကိုယ်တိုင်တင်ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အနုပညာပြခန်းက မော်ရီဇီယိုရဲ့ တာဝန်ရှိသူတစ်ဦးက ဒီအနုပညာလက်ရာက ပျက်စီးမသွားခဲ့ဘူးလို့ ဆိုပါတယ်။ “အနုပညာလက်ရာကို သူ ဖျက်စီးမပစ်ခဲ့ပါဘူး။ ငှက်ပျောသီးက စိတ်ကူးသက်သက်ပါပဲ” လို့ ပြောပါတယ်။

ဝယ်ယူခဲ့တဲ့သူတွေက အကန့်အသတ်နဲ့ထုတ်ထားတဲ့ ငှက်ပျောသီးတစ်လုံးသာပါဝင်တဲ့ အနုပညာလက်ရာကို အရည်အသွေးအစစ်မှန်ဖြစ်ကြောင်း ထောက်ခံချက်၊ ငှက်ပျောသီးပုတ်သိုးသွားတဲ့အခါ ပြန်အစားထိုးရတဲ့ညွှန်ကြားချက်တွေနဲ့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ပြခန်းရဲ့တာဝန်ရှိသူအရ သိရပါတယ်။

ငှက်ပျောသီးကို ဒေးဗစ် ဒတ်တူနာ စားခဲ့ပြီးနောက် (၁၅) မိနစ်လောက်မှာပဲ အခြားငှက်ပျောသီးကို အစားထိုးပြီး နံရံမှာ ထိပ်နဲ့ပြန်ကပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုတရားစွဲဆိုမှုမှမလုပ်ဘူးလို့ ဆိုပါတယ်။ပြီးခဲ့တဲ့သောကြာနေ့က မော်ရီဇီယိုရဲ့ “Comedian” အမည်ရ ငှက်ပျောသီးတိပ်ကပ်အနုပညာလက်ရာကို အမေရိကန်ဒေါ်လာ (၁၂၀,၀၀၀) စီနဲ့ ရောင်းချခဲ့ပြီး တတိယတစ်ခုကိုတော့ အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀) နဲ့ ပြတိုက်ကို ရောင်းချခဲ့တာဖြစ်ပါတယ်။

ဗီဒီယို

Ref: NYTimes “A $120,000 Banana Is Peeled From an Art Exhibition and Eaten”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top