အိန္ဒိယနိုင်ငံမှာ အဓိကရုဏ်းဖြစ်နေတုန်း ပျောက်ဆုံးသွားတဲ့ ၃ နှစ်သမီး မိဘတွေနဲ့ ပြန်ဆုံစည်း

mar062001.jpg

ပြီးခဲ့တဲ့တစ်ပတ်က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ အဓိကရုဏ်း ဖြစ်ပွားနေတုန်း ပျောက်ဆုံးသွားတဲ့ ၃ နှစ်အရွယ် မိန်းကလေးငယ်ဟာ မိဘတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆူပူအုံကြွမှုတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ မွတ်စလင်မိသားစု တစ်စုက မိန်းကလေးငယ်ကို ဗလီနားမှာ တွေ့ရှိခဲ့တာပါ။

အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာကနေ နယူးဒေလီမြို့ အရှေ့မြောက် ပိုင်းမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာပါ။ ”ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ဒီကလေးမလေးကို မဒီနာ ဗလီနားက တွေ့ခဲ့ တာပါ။ သူ့ခေါင်းမှာဒဏ်ရာရနေပြီး သူက ငိုနေ တယ်”လို့ သူ့ကို တွေ့ရှိခဲ့တဲ့ မွတ်စလင်အမျိုးသား ဆာအုအလမ်က ပြောပါတယ်။ ဆာအုအလမ်နဲ့ ဇနီးဟာ တခြားသူတစ်ယောက်ရဲ့ နေအိမ်ကို သွားရောက်ခိုလှုံရာမှာ မိန်းကလေးငယ်ကို သူတို့နဲ့အတူ ခေါ်သွားခဲ့ပါတယ်။ မိန်းကလေးငယ် ပျောက်ဆုံးနေတာကို မီဒီယာတွေက ဖော်ပြပြီးနောက်မှာ ဒေလီအမျိုးသမီးရေးရာကော်မရှင်က အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်းရှာဖွေခဲ့ကြပါတယ်။

မိန်းကလေးငယ်ရဲ့ မိဘတွေက နယူးဒေလီမြို့ရဲ့ တခြားနေရာတစ်ခုမှာ နေ့စားအလုပ် လုပ်နေသူတွေဖြစ်လို့ မိန်းကလေးငယ်က အဘိုးနဲ့အတူ နေထိုင်ခဲ့ရပြီး ဖေဖော်ဝါရီလ ၂၄ ရက်ကတည်းက အဘိုးနဲ့ တကွဲတပြားစီ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ ဒေလီအမျိုးသမီးရေးရာ ကော်မရှင်အဖွဲ့က မိန်းကလေးငယ်ကို တွေ့ရှိခဲ့ပြီး သူ့မိဘတွေဆီ ပြန်အပ်နှံခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top