အာဂျင်တီးနားနိုင်ငံမှာ ခိုလှုံခဲ့တဲ့ နာဇီတွေက ဆွစ်ဇာလန်ဘဏ်အကောင့်တွေ ပိုင်ဆိုင်ခဲ့

mar062002.jpg

အာဂျင်တီးနားနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအရ ၁၉၃၀ ပြည့်နှစ်တွေအတွင်း အာဂျင်တီးနားနိုင်ငံမှာ ခိုလှုံခဲ့တဲ့ နာဇီ ၁၂၀၀၀ ရဲ့ အမည်တွေကို ဖော်ပြထားပြီး သူတို့တွေမှာ ဆွစ်ဇာလန်ဘဏ်အကောင့်တွေ ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။ နာဇီတွေကို ခြေရာခံရှာဖွေရာမှာ ကျော်ကြားတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် Simon Wiesenthal Centre က ဘဏ်အကောင့်ဟောင်းတွေကို ခွဲခြားဖော်ထုတ်ပေးဖို့ Credit Suisse ဘဏ် ကို တောင်းဆိုထားပါတယ်။ ”အသုံးမပြုတာ ကြာနေတဲ့ ဘဏ်အကောင့်တွေထဲမှာ ဂျူးလူမျိုးတွေဆီကနေ လုယက်လာတဲ့ပိုက်ဆံတွေရှိနေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”လို့ Simon Wiesenthal Centre က ပြောပါတယ်။

အဲဒီမှတ်တမ်းတွေကို ဗျူနိုအေရိစ်မြို့မှာရှိတဲ့ နာဇီဌာနချုပ်ဟောင်းရဲ့ စတိုခန်းထဲကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ နာဇီတွေဟာ ၁၉၃၅ ခုနှစ်မှာ လူမျိုးရေးခွဲခြားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပြီး ဂျူးလူမျိုးတွေရဲ့ ပိုင်ဆိုင်မှုကို စတင်သိမ်းယူခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ်တွေအတွင်း ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ နာဇီတွေက တိုက်ရာပါ ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်ထားတဲ့ ဆွစ်ဇာလန်ဘဏ်အကောင့်ထဲ လွှဲပြောင်းထည့်သွင်းခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်ကနေ ၁၉၃၈ခုနှစ်အတွင်း အာဂျင်တီးနားသမ္မတ အူရီဘူရူနဲ့ သူ့နေရာကို ဆက်ခံတဲ့ အော်ဂတ်စတင်တို့က နာဇီတွေအပေါ် ထောက်ခံအားပေးတဲ့ စစ်အစိုးရကို ဦးဆောင်ခဲ့ပေမဲ့ ၁၉၃၈ ခုနှစ်မှာ အာဂျင်တီးနားကို အုပ်ချုပ်ခဲ့တဲ့ သမ္မတအော်တစ်ဇ်ကတော့ နာဇီတွေကို ဆန့်ကျင်သူဖြစ်ပြီး အာဂျင်တီးနားမှာ ခိုလှုံနေတဲ့ နာဇီတွေစာရင်းကို သိမ်းဆည်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top