လယ်ကွက်ထဲကနေ စိန်နှစ်ပွင့် ရခဲ့လို့ ဘဝအလှည့်အပြောင်း ဖြစ်သွားတဲ့ အိန္ဒိယလယ်သမား

5.1.2025-yyl-၉.jpg

ဆင်းရဲနွမ်းပါးတဲ့ အိန္ဒိယလယ်သမားတစ်ဦးဟာ သူ့လယ်ကွင်းထဲကနေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ နီးပါး တန်ကြေးရှိတဲ့ စိန်နှစ်ပွင့် ရခဲ့လို့ ဘဝအလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဟာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ဒူဘေးဟာ ပြီးခဲ့တဲ့ ၆ လလုံးလုံး သူ့ရဲ့လယ်ကွက်ထဲမှာ ရတနာပစ္စည်း ရှာဖွေခဲ့တာဖြစ်ပြီး အခုတွေ့ရှိခဲ့တဲ့ စိန်နှစ်ပွင့်ထဲမှာ တစ်ပွင့်ကတော့ ၈.၃ ကာရက် အလေးချိန် ရှိပါတယ်။

ဒူဘေး တွေ့ရှိခဲ့တဲ့ စိန်ပွင့်တွေဟာ အရောင်သိပ်မလက်လို့ ဈေးကွက်တန်ဖိုး ကျပြီး စိန်ပွင့်နှစ်ပွင့်ပေါင်း ဒေါ်လာ ၄၆၈၄၁ ဝန်းကျင်ရလိမ့်မယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ခန့်မှန်းထားကြပါတယ်။ ဒူဘေး တွေ့တဲ့စိန်နှစ်ပွင့်ထဲမှာ တစ်ပွင့်ကလေး ၁ ကာရက် မပြည့်ပါဘူး။

ဒူဘေးဟာ စိန်ပွင့်တွေ ရောင်းရာကနေ ရလာတဲ့ငွေနဲ့ မြေကွက်တစ်ကွက်ဝယ်ပြီး ဈေးဆိုင်ဖွင့်ဖို့ စီစဉ်နေပါတယ်။ နောက်ထပ်လည်း ရတနာတူးဖော်ရှာဖွေမှုတွေ လုပ်သွားဦးမယ်လို့ ဒူဘေးက ဆိုပါတယ်။ ဒူဘေးရဲ့ စိန်ပွင့်တွေကို လာမယ့်လေလံပွဲမှာ ရောင်းချသွားမှာဖြစ်ပြီး အကျိုးအမြတ်ရဲ့ ၁၁.၅ ရာခိုင်နှုန်းကိုတော့ အစိုးရထံ ပေးသွင်းရမှာပါ။

Ref: Indian Farmer Changes His Fortunes–Finding Two Diamonds in His Field Worth $46,000
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top