ဒုံးပျံလွှတ်တင်ရေးစခန်း ပြန်တည်ဆောက်နေတာ သေချာရင် ကင်ဂျုံအန်ကို အရမ်းစိတ်ပျက်မိလိမ့်မယ်လို့ ဒေါ်နယ်ထရမ့် ပြော

in4.jpg

မြောက်ကိုရီးယားနိုင်ငံက ဒုံးပျံလွှတ်တင်ရေးစခန်းကို ပြန်တည်ဆောက်နေတာ အတည်ပြုနိုင်ရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို အရမ်းစိတ်ပျက်မိလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ဖျက်သိမ်းမယ်လို့ ကတိပြုထားတဲ့ ဆိုဟေးဒုံးပျံလွှတ်တင်ရေးစခန်းကို မြောက်ကိုရီးယားနိုင်ငံက ပြန်တည်ဆောက်နေတယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ ဆွေးနွေးမှု သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့ ဒီသတင်းက အရမ်းစောလွန်းသေးလို့ အတည်မပြုနိုင်သေးဘူးလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ တုံချန်းရီစခန်းမှာရှိတဲ့ ဆိုဟေးဒုံးပျံလွှတ်တင်ရေးစင်မြင့်ကို ဂြိုဟ်တုလွှတ်တင်ရေး၊ ဒုံးပျံအင်ဂျင်စမ်းသပ်ရေးတွေအတွက် အသုံးပြုခဲ့ဖူးပေမဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုအတွက် မသုံးဖူးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top