၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အထိ မောင်းနှင်နိုင်မယ်ဆိုတဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာ မိတ်ဆက်

26.7.23-yyl-5.jpg

လျှပ်စစ်ကားလောကကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာကုမ္ပဏီက မိတ်ဆက်လိုက်ပါပြီ။ ၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အကွာအဝေးအထိ မောင်းနှင်နိုင်စွမ်းရှိတယ်ဆိုတဲ့ solid-state ဘက်ထရီ နည်းပညာကို တိုယိုတာကုမ္ပဏီက သိုသိပ်စွာ အဆင့်မြှင့်တင်နေတာပါ။

၂၀၂၅ ခုနှစ်မှာ ဘက်ထရီနည်းပညာသစ် အသုံးပြုထားတဲ့ လျှပ်စစ်ကားတွေကို ဈေးကွက်ထဲ ရောင်းချနိုင်ဖို့ တိုယိုတာက ရည်မှန်းနေပါတယ်။ solid-state ဘက်ထရီဟာ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနဲ့ယှဉ်ရင် အားသိုလှောင်နိုင်စွမ်း ပိုမြင့်မားပြီး အားသွင်းချိန်လည်း တိုတောင်းပါတယ်။ ဒါ့အပြင် မီးလောင်နိုင်တဲ့ အန္တရာယ်လည်း ပိုနည်းပါတယ်။

တိုယိုတာကုမ္ပဏီဟာ ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေမှာလည်း performance နဲ့ popularized ဆိုတဲ့ မျိုးဆက်သစ် ဘက်ထရီ တွေကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

Ref: Toyota is planning a new EV with a 900-mile range and 10-minute charging time: ‘The holy grail of battery vehicles’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top