အိမ်ထောင်မပြုသေးဘူးလားဆိုပြီး ခဏခဏ လာမေးသူကို အင်ဒိုနီးရှား အမျိုးသားတစ်ဦး ရိုက်သတ်ခဲ့

5.8.2024-yyl-1.jpg

အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားတစ်ဦးဟာ အိမ်ထောင်မပြုသေးဘူးလားဆိုပြီး ခဏခဏ လာမေးနေတဲ့ သူ့ရဲ့အိမ်နီးချင်းကို သတ်ပစ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဇူလိုင်လ ၂၉ ရက်က မြောက်ပိုင်းဆူမားတြားပြည်နယ်၊ တောင်ပိုင်းတာပါနူလီဒေသမှာ ဖြစ်ပွားခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။

သေဆုံးသူဟာ အီရီယန်တိုလို့ အမည်ရတဲ့ ပြည်သူ့ဝန်ထမ်း(ငြိမ်း)တစ်ဦးဖြစ်တယ်လို့ ဒေသဆိုင်ရာ ဒုတိယရဲမင်းကြီးက ပြောပါတယ်။ ဆိုင်ရီဂါလို့ အမည်ရသူဟာ ဇူလိုင်လ ၂၉ ရက်ည ၈ နာရီအချိန်မှာ တုတ်တစ်ချောင်းကိုင်ကာ ရောက်ချလာပြီး မပြောမဆို ရိုက်နှက်ခဲ့တာလို့ သေဆုံးသူရဲ့ ဇနီးသည်က ဆိုပါတယ်။

အီရီယန်တိုက လမ်းပေါ်ထွက်ပြေးခဲ့ပေမဲ့ ဆိုင်ရီဂါက နောက်ကနေ ပြေးလိုက်ပြီး ခေါင်းကို ရိုက်ခဲ့လို့ လဲကျသွားခဲ့ပါတယ်။ အီရီယန်တို လဲကျပြီးနောက်မှာလည်း ဆိုင်ရီဂါက ထပ်ရိုက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာ ပတ်ဝန်းကျင်မှ လူတွေက ဆိုင်ရီဂါကို ဝိုင်းဆွဲပြီး အီရီယန်တိုကို ဆေးရုံပို့ခဲ့ပေမဲ့ ဆေးရုံမရောက်ခင် လမ်းမှာပဲ သေဆုံးသွားခဲ့တာလို့ ဒုတိယရဲမင်းကြီးက ဆိုပါတယ်။

အီရီယန်တိုက သူ့ကိုတွေ့တိုင်း အိမ်ထောင် မပြုသေးဘူးလား၊ ဘာလို့ အိမ်ထောင်မပြုသေးတာလဲဆိုပြီး ခဏခဏ မေးနေတာကို သည်းမခံနိုင်တော့လို့ အခုလို ရိုက်သတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုင်ရီဂါက ထွက်ဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီဖြစ်ရပ်မတိုင်ခင်တုန်းကလည်း သူတို့မွေးထားတဲ့ ကြက်တွေ ခြံမှားပြီး ရောက်နေတဲ့ကိစ္စကြောင့် စကားများခဲ့ဖူးပါတယ်။

Ref: Indonesian man kills neighbour who kept questioning him why he wasn’t married
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top