နေရာပြောင်းရွှေ့ဖို့ လိုအပ်နေတဲ့ စာအုပ်ဆိုင်တစ်ဆိုင်မှ စာအုပ်ပေါင်း ၉၁၀၀ ကို ဒေသခံတွေက လက်ဆင့်ကမ်းသယ်ပေးပြီး ကူညီပေးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ်၊ ချဲလ်ဆီးမြို့မှ Serendipity Books စာအုပ်ဆိုင်ဟာ နေရာသစ်ကို ပြောင်းရွှေ့ဖွင့်လှစ်ရမှာဖြစ်ပြီး စာအုပ်တွေကို အချိန်မီ မရွှေ့နိုင်ရင် စာအုပ်ဆိုင်ကို ရက်တော်တော်ကြာ ပိတ်ထားရမှာပါ။

စာအုပ်ဆိုင်ပိုင်ရှင် မီချယ်တူပလင်က ဒီအကြောင်းကို လူမှုကွန်ရက်မှာ ရေးသား အကူအညီတောင်းချိန်မှာ Serendipity Books စာအုပ်ဆိုင်ကို သံယောဇဉ်တွယ်နေတဲ့ ဒေသခံ ၃၀၀ ကျော်က စာအုပ်တွေ ရွှေ့ပြောင်းပေးဖို့ ရောက်ရှိလာခဲ့ကြတာပါ။

စာအုပ်ဆိုင် ရွှေ့ပြောင်းမယ့်နေရာက ပေ ၃၅၀ လောက်ပဲ ကွာဝေးတာကြောင့် သူတို့က စာအုပ်တွေကို လက်ဆင့်ကမ်းသယ်ခဲ့ကြပြီး အချိန် ၂ နာရီအတွင်း စာအုပ် ၉၁၀၀ လုံးကို ရွှေ့ပြောင်းပေးနိုင်ခဲ့ကြတာပါ။
Ref: Hundreds of Volunteers Form a Human Chain to Get 9,100 Books to New Location for Indie Bookstore
NZ ( ရိုးရာလေး)