အပုပ်နံ့ထွက်နေတဲ့ သခင့်အလောင်းနားကမခွာဘဲ ရှိနေခဲ့တဲ့ ခွေးလေး

untitled-1.png

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချင်းမိုင်က ဂိုဒေါင်တစ်ခုမှာ အပုပ်နံ့ထွက်နေတဲ့ သက်ကြီးပိုင်အမျိုးသားအလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အလောင်းတွေ့ရှိတယ်လို့ သိရတဲ့အချိန်မှာ San Kamphaeng ရဲစခန်းက ရဲတွေ နဲ့ San Kamphaeng ဆေးရုံက ဆရာဝန်တွေက Ban San Pakha ရွာက ဂိုဒေါင်ကို အပြေးအလွှားသွားခဲ့ရပါတယ်။ အလောင်းတွေ့တဲ့နေရာမှာ ရန်ဖြစ်ထားတဲ့ လက်ရာခြေရာလည်းမရှိသလို အသက် (၈၂) နှစ်အရွယ် Kham Duangya ရဲ့ခန္ဓာကိုယ်မှာလည်း ထိခိုက်ဒဏ်ရာတွေ မတွေ့ရပါဘူး။ အလောင်းမတွေ့ရှိခင် နှစ်ရက်ကတည်းက အဲဒီအဖိုးအိုက သေဆုံးနေခဲ့တာဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။

တာဝန်ရှိသူတွေ ရောက်သွားတဲ့အချိန်မှာ အနက်ရောင်ခွေးလေးတစ်ကောင်က အပုပ်နံ့တွေဟောင်နေပေမယ့် သူ့သခင်ရဲ့အလောင်းဘေးမှာ ထိုင်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ သေဆုံးသွားတဲ့အဖိုးအိုက သူ့ရဲ့အဖော်အဖြစ် ခွေးလေးကို မွေးခဲ့ပြီး ခွေးလေးက သူ့နောက် အမြဲတမ်းတကောက်ကောက်လိုက်နေတဲ့ သစ္စာရှိခွေးလေးပါလို့ အိမ်နီးနားချင်းတွေက ပြောပါတယ်။

အဖိုးအိုရဲ့ခန္ဓာကိုယ်ကို ချင်းမိုင်ဆေးရုံက ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီး ဆွေးမျိုးသားချင်းတွေနဲ့ အဆက်အသွယ်ရတဲ့အချိန်ထိ အဲဒီမှာထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: AsiaOne “Dog watched over decomposing body of elderly owner in Chiang Mai”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top