ရိုးရာလေးတိုတိုထွာထွာ
Amazon ကုမ္ပဏီရဲ့ အကြီးမားဆုံး ဂိုဒေါင်ကြီးဟာ (American Football) ဘောလုံးကွင်း ၁၇ ကွင်းစာ ကျယ်ဝန်းပြီး ပစ္စည်းတွေကို သယ်ပို့ဖို့ ၄ မိုင်ရှည်လျားတဲ့ စက်ခါးပတ်တွေ တပ်ဆင်ထားပါတယ်။ NZ (ရိုးရာလေး)
Amazon ကုမ္ပဏီရဲ့ အကြီးမားဆုံး ဂိုဒေါင်ကြီးဟာ (American Football) ဘောလုံးကွင်း ၁၇ ကွင်းစာ ကျယ်ဝန်းပြီး ပစ္စည်းတွေကို သယ်ပို့ဖို့ ၄ မိုင်ရှည်လျားတဲ့ စက်ခါးပတ်တွေ တပ်ဆင်ထားပါတယ်။ NZ (ရိုးရာလေး)
အိုက်စလန်ဟာ ကမ္ဘာပေါ်မှာ ခြင်မရှိ၊ မြွေမရှိတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုက်စလန်နိုင်ငံရဲ့ ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင် အခြေအနေက ခြင်တွေ ပေါက်ဖွားဖို့၊ မြွေတွေ ရှင်သန်ဖို့ မဖြစ်နိုင်လို့ပါပဲ။ ရာသီဥတု အေးခဲပြီး လေတိုက်နှုန်း မြင့်မားတဲ့…
တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီမှ သုတေသီအဖွဲ့ဟာ လစ်သီယမ်ဘက်ထရီထက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုများတဲ့ ရေဓာတ်အခြေပြုဘက်ထရီကို တီထွင်ခဲ့ပါတယ်။ အဲဒီဖန်တီးမှုကြောင့် မီးလောင်နိုင်ခြေ မြင့်မားတဲ့ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနေရာမှာ ရေဓာတ်အခြေပြုဘက်ထရီတွေကို အစားထိုး အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။ လျှပ်စစ်ဓာတ်အား ဖြတ်သန်းနိုင်တဲ့ လျှပ်လိုက်ရည်အဖြစ် ရေကို…
ဆူမားတြားမျိုးစိတ် လူဝံတစ်ကောင် သူ့ဒဏ်ရာသူ ဆေးကုနေတဲ့မြင်ကွင်းကို Scientific Reports က ဖော်ပြခဲ့တာပါ။ ရာကုစ်လို့ အမည်ပေးထားတဲ့ လူဝံဟာ တခြားလူဝံတွေနဲ့ လုံးထွေးရင်း မျက်နှာမှာ ဒဏ်ရာရခဲ့ဖွယ်ရှိပြီး တောထဲက သစ်ရွက်တစ်မျိုးကို ဝါးကာ သတ္တုရည်ကို မျက်နှာဒဏ်ရာမှာ…
ကြယ်ငါးဆိုတာ တကယ်တော့ ငါးတစ်ကောင် မဟုတ်ပါဘူး။ သံပခြုပ်၊ ပင်လယ်မျှော့တို့လို ကျောရိုးမဲ့ရေနေသတ္တဝါမျိုးစိတ် ဖြစ်ပါတယ်။ ကြယ်ငါးတွေမှာ ဦးနှောက်မရှိသလို သွေးလည်း မရှိပါဘူး။ သူတို့ရဲ့ အာရုံကြောစနစ်ထဲကို အာဟာရတွေ စီးဆင်းဝင်ရောက်အောင် ပင်လယ်ရေကို အားကိုးရပါတယ်။ ဒါကြောင့် ရေချိုမှာ…
၁၂ ရက်ကြာ ပေါင်းသင်းခဲ့တဲ့ဇနီးက ယောကျာ်းတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရပြီးနောက် အင်ဒိုနီးရှားအမျိုးသားတစ်ဦးက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ အမှုဖွင့်ခဲ့သူကတော့ ၂၆ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသား အေကေ (နာမည်အတိုကောက်) ဖြစ်ပြီး တိုင်ကြားခံရသူကတော့ အီးအက်စ်အိတ်( နာမည်အတိုကောက်)လို့…
သာမန်ကြည့်လိုက်ရင် ဂူငယ်လေးတစ်ခုသာ ဖြစ်ပေမဲ့ ဂူထဲကို ဝင်သွားတဲ့ သက်ရှိတိုင်း အသက်ရှင်လျက် ပြန်ထွက်လာရိုးမရှိတာကြောင့် la Cueva de la Muerte (လာကူဗာဒီလာမူအာတေး)ဂူကို ပြန်လမ်းမဲ့ဂူ( မရဏဂူ)လို့ တင်စားလေ့ရှိပါတယ်။ ကော်စတာရီကာနိုင်ငံ ဗီနီစီယာခရိုင်ရဲ့ Recreo…
အိန္ဒိယနိုင်ငံဟာ ကီလိုမီတာ ၁၀၀ ကျော် ရှည်လျားတဲ့ လမ်းကို နာရီ ၁၀၀ အတွင်း ကတ္တရာခင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။ ဂါဇီယာဘတ် – အလီဂတ် အဝေးပြေးလမ်းရဲ့ NH-34 လမ်းပိုင်းဟာ ၁၁၈ ကီလိုမီတာ…
ရှေးခေတ်ဗိသုကာလက်ရာတွေအကြောင်း ပြောတဲ့အခါ ဂရိနိုင်ငံမှာရှိတဲ့ Hellenistic (ဟယျလီနစ်စတဈ)ဇာတ်ရုံကို ချန်ထားလို့မရပါဘူး။ ပါဂါမွန်မြို့မှ အခရိုပိုလစ်တောင်စောင်းဘေးမှာ လှေကားထစ်တွေဖော်ထားတဲ့ ဟယ်လီနစ္စတစ်ဇာတ်ရုံကို ဘီစီ ၃ ရာစုအလယ်ပိုင်းမှာ တည်ဆောက်ခဲ့တာပါ။ ပရိသတ် ၁၀၀၀၀ ဆံ့ပြီး (အဲဒီကာလတုန်းက) ကမ္ဘာပေါ်မှာ မတ်စောက်မှုအရှိဆုံးပွဲကြည့်စင်အဖြစ်…
မကြာသေးခင်က ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ The Roundup:Punishment ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ ဓာတ်လှေကားထဲပိတ်မိနေခဲ့ပြီး မိတ်ဆက်ဖို့အတွက် မလာနိုင်ခဲ့ဘူးလို့ မေလ ၅ ရက်နေ့က ရုပ်ရှင်သရုပ်ဆောင်တွေကို လာကြည့်တဲ့သူတစ်ဦးက X (တွစ်တာ) မှာ ရေးသားခဲ့တဲ့အပြင်…