လေးထောင့်ဘီးတပ်စက်ဘီးကို တီထွင်ခဲ့သူက Reuleaux တြိဂံဘီးတပ်စက်ဘီးကို ထပ်ပြီးတီထွင်

24.5.2023-yyl-3.jpg

ပြီးခဲ့တဲ့လက လေးထောင့်ဘီးတပ်စက်ဘီးကို တီထွင်ခဲ့လို့ လူမှုကွန်ယက်ပေါ်မှာ လူသိများသွားခဲ့တဲ့ YouTuber ဆာဂီ ဂျော်ဒိုင်အီဗ်ဟာ အခုတခါထပ်ပြီးတော့ Reuleaux တြိဂံဘီးတပ်စက်ဘီးကို တီထွင်ခဲ့ပါတယ်။ ဒီစိတ်ကူးအသစ်ကလည်း လူမှုကွန်ယက်အသုံးပြုသူတွေကို စိတ်ဝင်စားစေခဲ့ပြန်ပါတယ်။

လေးထောင့်ဘီးတွေလိုပဲ Reuleaux တြိဂံဘီးတွေက သမားရိုးကျမဟုတ်တဲ့ပုံစံပါပဲ။ ဆာဂီက တြိဂံဘီးပြုလုပ်ပုံအပါအဝင် တြိဂံပုံစံဘီးတွေနဲ့လည်း ရွေးလျားလို့ရနိုင်တယ်ဆိုတာကို ပြသနေတဲ့ ဗီဒီယိုကို သူ့ရဲ့’The Q” YouTube ချန်နယ်မှာ တင်ပေးထားပါတယ်။ သူ တီထွင်တဲ့ Reuleaux တြိဂံဘီးတွေက ဘီးဝိုင်းတွေလို လည်ပြီး ရွေ့လျားသွားတာကို ဗီဒီယိုမှာ တွေ့ရပါတယ်။

Reuleaux တြိဂံဆိုတာက အလွယ်ပြောရရင် အနံကျယ်ပြီး မျဉ်းခုံးနေတဲ့ တြိဂံပါ။ ဒါက ဆာဂီ အရင်က တီထွင်ခဲ့တဲ့ လေးထောင့်ဘီးတွေထက် လမ်းတွေပေါ်မှာ ရွေ့လျားနိုင်တဲ့အခွင့်အလမ်းပိုများပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ တြိဂံဘီးတွေက ဘေးကင်းစွာ စီးနင်းသွားလာလို့ရတဲ့ပုံမပေါ်ပါဘူး။ လေးထောင့်ဘီးတပ်စက်ဘီးတွေနဲ့မတူဘဲ ဒီဘီးတွေက တကယ်ကို လှည့်ပတ်နိုင်ပါတယ်။

ဆာဂီက တီထွင်ဖန်တီးရတာကို ကြိုက်တဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ အထူးသဖြင့် စက်ဘီးတွေနဲ့ပတ်သက်ပြီးတော့ပါ။ အရင်က ရေခဲပေါ်မှာ စီးလို့ရတဲ့ စက်ဘီးကိုတီထွင်ခဲ့တဲ့အပြင် ကမ္ဘာ့အသေးဆုံးစက်ဘီးကိုလည်း ဖန်တီးခဲ့ပါသေးတယ်။

ဗီဒီယိုကြည့်ရှုရန်

ဆက်စပ်သတင်းဖတ်ရှုရန် – YouTuber တစ်ဦးတီထွင်ခဲ့တဲ့ လေးထောင့်ဘီးတပ်စက်ဘီး

Ref: Inventor Who Came Up With Square Bicycle Wheels Is Back, This Time With Reuleaux Triangle Cycle Wheels

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top