ခြင်္သေ့အုပ်ထဲမှာ လဲနေတဲ့အဖော်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ကျွဲရိုင်း

lion-buffllo.jpg

ခြင်္သေ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး လဲနေတဲ့ ကျွဲရိုင်းတစ်ကောင်ကို ကယ်တင်ဖို့ အခြား ကျွဲရိုင်းတစ်ကောင်က ခြင်္သေ့အုပ်ထဲကို ဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်ကို ဘရာဇီး ဓာတ်ပုံဆရာ မာတာရက်ဇိုလီ က အခုလို ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ သားရဲတိရစ္ဆာန်တွေ ကျင်လည်ကျက်စားတဲ့ Mala Mala Game Reserve ကို တောလှည်သွားရင်း မာတာရက်ဇိုလီက ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့တာပါ။

ပုံမှာမြင်တွေ့ရတဲ့ ကျွဲဟာ ခြင်္သေ့အုပ်ထဲမှာ ဒဏ်ရာရပြီး လဲနေတဲ့ သူ့အဖော် ကျွဲတစ်ကောင်ကို ကူညီပေးဖို့ ခြင်္သေ့အုပ်ထဲကို အကြောက်အရွံ့မရှိ ဝင်တိုက်ခဲ့တဲ့ ကျွဲရိုင်းပါ။ သူ့ကို ခြင်္သေ့အုပ်ထဲက ခြင်္သေ့တစ်ကောင်က ပြေးကိုက်ခဲ့ရာမှာ အဲဒီကျွဲက ခြင်္သေ့ကို ချိုနဲ့ဆောင့်ဝေ့ပြီး လေပေါ်မြှောက်တင်ခဲ့လို့ ကျန်တဲ့ခြင်္သေ့တွေလည်း ကျွဲနား မကပ်ရဲအောင် ဖြစ်ခဲ့ကြပါတယ်။ ခြင်္သေ့တွေ တွန့်ဆုတ်နေချိန်မှာ ဒဏ်ရာရနေတဲ့ ကျွဲအနေနဲ့ ထွက်ပြေးမယ်ဆိုရင် အချိန်ရပေမယ့် ဒဏ်ရာတွေကြောင့် မပြေးနိုင်ခဲ့ပုံပေါ်ပါတယ်။

အဲဒီနောက်မှာတော့ အခြားခြင်္သေ့အုပ်က ခြင်္သေ့ကြီးနှစ်ကောင် ရောက်လာပြီး တစ်ကောင်က ခြင်္သေ့တွေကို တိုက်ခိုက်နေတဲ့ ကျွဲရိုင်းရှေ့မှာ ခြင်္သေ့ပေါက်တွေကို ကာကွယ်ပေးခဲ့သလို နောက်တစ်ကောင်က ဒဏ်ရာရနေတဲ့ ကျွဲရိုင်းကို သတ်ဖြတ်ခဲ့တယ်လို့ မာတာရက်ဇိုလီက ပြောပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top