အမေရိကန်နိုင်ငံမှာ အိမ်ခြေရာမဲ့ တိုးပွားလာတာကို လျှော့ချနိုင်ဖို့အတွက် အဖွဲ့အစည်းတစ်ခုက ဟိုတယ်ဟောင်းတစ်လုံးကို ဝယ်ယူပြင်ဆင်ပြီး အိမ်ခန်းတွေ ဖန်တီးပေးခဲ့ပါတယ်။ ဒန်ဗာမြို့အခြေစိုက် Colorado Coalition for the Homeless (CCH) အဖွဲ့အစည်းဟာ ၁၉၈၅ ခုနှစ်ကတည်းက အိမ်ရာမဲ့ပြဿနာ ဖြေလျှော့နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်လာခဲ့တာပါ။
အမေရိကန်နိုင်ငံမှာ အိမ်ရာမဲ့ဦးရေ တိုးပွားနေပြီး ဒန်ဗာမြို့ တစ်မြို့တည်းမှာတင် အိမ်ရာမဲ့ ၅၇၅၅ ဦးအထိ ရှိနေပါတယ်။ CCH အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဂျွန်ပါဗန်စကီက Quality Inn and Suites ဟိုတယ်ဟောင်းကို ဝယ်ယူပြင်ဆင်ခဲ့ပြီး အိမ်ရာမဲ့တွေအတွက် အခန်းငယ် ၁၃၉ ခန်း ဖန်တီးပေးခဲ့တာပါ။
Fusion Studios ဟာ အိမ်ရာမဲ့တွေအတွက် CCH အဖွဲ့က ဝယ်ယူပြင်ဆင် ပြောင်းလဲပေးခဲ့တဲ့ ၁၇ ခုမြောက် အဆောက်အအုံ ဖြစ်ပါတယ်။ Fusion Studios မှာ နေထိုင်လိုတဲ့ အိမ်ရာမဲ့တွေဟာ သူတို့တစ်လဝင်ငွေ (သို့မဟုတ်) မသန်စွမ်းထောက်ပံ့စရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းကိုသာ ပေးဆောင်ဖို့ လိုအပ်ပါတယ်။
အခန်းငယ်တွေထဲမှာ ခုတင်၊ ထမင်းစားပွဲ၊ အဝတ်ဗီဒို၊ တီဗီ၊ ရေခဲသေတ္တာ၊ လျှပ်စစ်မီးဖို၊ ကြောင်အိမ်နဲ့ အခြားပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
Ref: Investors Buy Old Hotel and Convert It into 139 Mini-Apartments for the Homeless
NZ ( ရိုးရာလေး)