ကိုယ်ပိုင်အာကာသစခန်းပုံစံကို ရုရှား ထုတ်ဖော်ပြသ

16-8-2022-yyl-08.jpg

နိုင်ငံတကာအာကာသစခန်းကနေ ခွဲထွက်မယ့် ရုရှားအာကာသအေဂျင်စီက သူတို့တည်ဆောက်ဖို့ စီစဉ်နေတဲ့ အာကာသစခန်း ပုံစံကို သြဂုတ်လ ၁၅ ရက်နေ့က ပြသခဲ့ပါတယ်။

ရုရှားရဲ့ကိုယ်ပိုင်အာကာသစခန်းကို ROSS လို့ အမည်ပေးထားကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ ရုရှားအာကာသအေဂျင်စီ Roskosmos ရဲ့ အကြီးအကဲသစ်ကတော့ ၂၀၂၄ ခုနှစ်မှာ နိုင်ငံတကာအာကာသစခန်းကို စွန့်ခွာမယ်လို့ ပြောပါတယ်။

နိုင်ငံတကာအာကာသစခန်းကို ၁၉၉၈ ခုနှစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလနောက်ပိုင်း အမေရိကန်-ရုရှားတွဲဖက်ဦးဆောင်ခဲ့ကြတာပါ။ အမေရိကန်အာကာသအေဂျင်စီ NASA ကတော့ နိုင်ငံတကာအာကာသစခန်းကို ၂၀၃၀ ပြည့်နှစ်အထိ ဆက်လက်လည်ပတ်ဖို့ ဆန္ဒရှိနေပြီး ရုရှားဘက်က ခွဲထွက်မယ့်ကိစ္စကို တရားဝင်အကြောင်းကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ကိုယ်ပိုင်နိုင်ငံတကာအာကာသစခန်းကို ၂ သုတ်ခွဲပြီး လွှတ်တင်မယ်လို့ ရုရှားက ဆိုပေမဲ့ အချိန်ကာလကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။ ပထမအဆင့်မှာ အာကာသစခန်းကို Module ၄ ခုနဲ့ စတင်လည်ပတ်မှာဖြစ်ပြီး နောက်တစ်ဆင့်မှာ Module ၄ ခုနဲ့ service platform ထပ်မံဖြည့်စွက်မယ်လို့ Roskosmos က ထုတ်ပြန်ပါတယ်။

လက်ရှိနိုင်ငံတကာအာကာသစခန်းမှာတော့ ရုရှားပိုင် Module ၆ ခု၊ အမေရိကန်ပိုင် Module ၆ ခု၊ ဂျပန်ပိုင် Module ၂ ခု၊ ဥရောပပိုင် Module ၁ ခု စုစုပေါင်း ၁၇ ခု ရှိပါတယ်။

Ref:Russia, planning to quit the ISS, unveils model of new space station

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top