တူရကီကနေ မှာယူထားတဲ့ ခွဲစိပ်ခန်းသုံးဝတ်စုံ ၄၀၀,၀၀၀ က ဗြိတိန်နိုင်ငံရဲ့ စံနှုန်းနဲ့မကိုက်ညီလို့ သုံးလို့မရ

8-5-2020-yyl-045.jpg

တူရကီနိုင်ငံကနေ မှာယူထားတဲ့ ခွဲစိပ်ခန်းသုံးဝတ်စုံ ၄၀၀၀၀၀ ဟာ ဗြိတိန်နိုင်ငံရဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိလို့ အမျိုးသားကျန်းမာရေးဌာန ဝန်ထမ်းတွေကို ဖြန့်ဖြူးပေးမှာမဟုတ်ဘူးလို့ ဗြိတိန်အစိုးရက အတည်ပြုပါတယ်။ ပြီးခဲ့တဲ့လမှာ ခွဲစိပ်ခန်းသုံးဝတ်စုံတွေကို တော်ဝင်လေတပ်က သွားရောက်သယ်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အစိုးရရဲ့ဂိုဒေါင်ထဲမှာ ချောင်ထိုးထားရဖို့ ရှိနေပါတယ်။ အစိုးရအနေနဲ့ ရောင်းချသူထံကနေ ပြန်အမ်းငွေ ရမလား၊ မရဘူးလားဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

ပြီးခဲ့တဲ့လတွေအတွင်း ဗြိတိန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်ချိန်မှာ ဆရာဝန်တွေ၊ သူနာပြုတွေက ခွဲစိပ်ခန်းသုံးဝတ်စုံ၊ နှာခေါင်းစည်း၊ လက်အိတ် အစရှိတဲ့ ပစ္စည်းတွေ မလုံလောက်ဘူးလို့ စောဒကတက်ခဲ့ကြပါတယ်။ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံတွေဟာ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို COVID-19 ကူးစက်ခံရခြင်းကနေ ကာကွယ်ပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေကို တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံတွေ ပံ့ပိုးပေးနိုင်ဖို့ နေ့၊ ညမပြတ် အားထုတ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဆေးရုံတွေနဲ့ လူမှုအဖွဲ့အစည်းတွေထဲမှာ အမျိုးသားကျန်းမာရေးဌာနဝန်ထမ်း ၁.၆ သန်းဝန်းကျင်ရှိနေပြီး သူတို့ရဲ့ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ လိုအပ်မှုအတိုင်းအတာကတော့ သူတို့ရဲ့တာဝန်အပေါ် မူတည်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top